Saturday, May 30, 2020

ပေါင်မြို့နယ် လက်ပံကျွန်းကျေးရွာတွင် ရှင်ဥပဂုတ္တ ရုပ်ပွားတော်အား ဘာသာခြား ၃ ဦးက ဖျက်ဆီးကာ မြစ်ထဲသို့ ပစ်ချမှုဖြစ်ပွား

ယနေ့ မေလ ၃၀ ရက် မနက်ပိုင်းက ပေါင်မြို့နယ် လက်ပံကျွန်းကျေးရွာတွင် ကိုးကွယ်ထားသော ရှင် ဥပဂုတ္တရုပ်ပွားတော်နှင့် သံဖရိန် ဖြင့်လုပ်ထားသော ကျောင်းဆောင်အား ဘာသာခြား လူမျိုး၃ယောက်က ရိုက်ချိုး ဖျက်ဆီးပြီး ရုပ်ပွားတော်ကို သံလွင်မြစ်ထဲ ပစ်ချဖျက်ဆီး လိုက်ကြောင်းသိရသည်။
"သူတို့လုပ်တာကို ရွာသားတစ်ဦးကတွေ့တယ်မလုပ်ဖို့တားတာမရဘူး ကျေးရွာအုပ်ချုပ်ရေးမှူးမှ အဲ့ဒီ ၃ယောက်ကို ခေါ်ပြီးရုပ်ပွား တော်ပြန် ဆယ်ပေးဖို့ပြောတော့ ပြန်လိုချင်ရင် မြစ်ထဲ ဆင်းငုတ်ကြလို့ပြောတယ်"ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောပါသည်
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ပံကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးအား ရဲကိုတိုင်တန်းအမှုဖွင့်ရန်ရွာသားများကတောင်းဆိုထားကြောင်း သိရသည်
လက်ပံကျွန်းကျေးရွာသည် ပေါင်မြို့နယ်အရှေ့ခြမ်းမှ သံလွင်မြစ်ကမ်းဘေး၌ရှိပြီး ကျေးရွာအတွင်း ဗုဒ္ဓဘာသာကိုးကွယ်သူများနှင့် မူဆလင်ဘာသာ ကိုးကွယ်သူများ စုပေါင်းနေထိုင်သည့်ရွာတစ်ရွာဖြစ်ကြောင်း သိရပါသည်။
Crd : ဝရဇိန် ပေါင်

0 comments:

Post a Comment