Thursday, May 28, 2020

COVID-19 ကြောင့် ရွှေတိဂုံစေတီတော် ဇွန်လဆန်းတွင် ပြန်ဖွင့်ပေးရန် မရှိသေး

ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေတိဂုံစေတီတော်ကြီးအား လာမည့်ဇွန်လဆန်းအတွင်း ပြန်လည်ဖွင့်လှစ်ပေးရန်မရှိသေးကြောင်း စေတီတော်ဂေါပကအဖွဲ့ တာဝန်မှူးရုံးက အတည်ပြုပြောကြားသည်။
COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေ ရန်ရည်ရွယ်၍ စေတီတော်ကြီးကို ဖူးမြော်ခွင့် ယာယီပိတ်ထားမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့က ဧပြီ ၃၀ ရက်တွင် အသိပေးကြေညာခဲ့ ပြီး ယာယီပိတ်ထားမှုကို မေလ ၃၁ ရက်အထိ တိုးမြှင့်လိုက် ကြောင်းထပ်မံကြေညာခဲ့သည်။
သို့သော် ဇွန်လဆန်းတွင်ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် ဂေါပကအဖွဲ့တာဝန်မှူးရုံအားဆက်သွယ် မေးမြန်းရာ ‘‘နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်တွေ အတိုင်း ဆောင်ရွက်နေပါတယ်။ စေတီ တော်ကြီးကို ဇွန်လ(၁)ရက် ပြန်ဖွင့်ဖို့မရှိသေးပါဘူး။ ဘာညွှန်ကြား ချက်မှလည်း မရှိသေးတဲ့အတွက် ဆက်လက် ပိတ်ထားမှာဖြစ်ပါ တယ်’’ ဟု တာဝန်မှူးတစ်ဦးက လက်ခံဖြေကြားသည်။
ထို့အပြင် ရွှေတိဂုံစေတီ တော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ကလည်း ‘‘နိုင်ငံတော်အစိုးရ ၏ အမိန့်ညွှန် ကြားချက်များနှင့်အ ညီ လိုက်နာဆောင်ရွက်သွားမည် သာဖြစ်ပါ၍ ဇွန်လတစ်ရက်နေ့ တွင် ပြန်လည်ဖွင့်လှစ်ရန် အစီအ စဉ်မရှိ (မရှိ)သေးပါကြောင်းနှင့် ဖွင့်လှစ်မည်ဆိုပါကလည်း နိုင်ငံ တော်အစိုးရ၏ အမိန့်ညွှန်ကြား ချက်များနှင့်အညီသာ ဖွင့်လှစ် မည်ဖြစ်ပြီး ကြိုတင်ကြေညာပေး သွားမည်ဖြစ်ပါကြောင်း ဘုရားဖူး အများပြည်သူတို့အား အသိပေး အပ်ပါသည်’’ ဟု လူမှုကွန်ရက်မှ တစ်ဆင့် မေလ ၂၇ရက်ညနေက သတင်းထုတ်ပြန်ထားသည်။
ကပ်ရောဂါ အခြေအနေ များကြောင့် ရန်ကုန်မြို့ရှိ နာမည် ကြီး ဘုရားစေတီများဖြစ်သော ဆူးလေစေတီနှင့် ဗိုလ်တထောင် စေတီတို့ကိုလည်း မတ်လ ၂၈ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့သည်။
Ref ; 7Day

0 comments:

Post a Comment