Friday, May 29, 2020

ထိုင်း - မြန်မာနယ်စပ်အနီး ချင်းမိုင်ခရိုင်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းကျော်အား ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ထိုင်း - မြန်မာနယ်စပ်နှင့်ထိစပ်နေသော ဝိန်းဟဲန်မြို့နယ် ပျင်းလုံကျေူရွာအုပ်စု ဘန့်ဟင်သွဲ့ရွာအနီးရှိတောလမ်းတစ်ဝိုက်တွင် မေလ ၂၉ ရက်နေ့ မနက် ဝ၃:၃၀ မိနစ်ချိန်တွင် ဖာမိန်း ( PAMUNG FORCR ) ဒုစစ်ကြောင်းမှူးနှင့် အမှတ် ( ၁ ) ရှေ့ပြေးမြင်းတပ်မ ၊ ဒုတပ်မမှူး မှူးကြီး Narit Htawonvong တို့ပူးပေါင်းစစ်ကြောင်းအဖွဲ့မှ ထုတ်နှုတ်တိုက်ကင်း ၊ ကင်းပုန်းအဖွဲ့တို့သည် နယ်မြေစိုးမိုးရေးအတွက် နယ်စပ်လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ကျောပိုးအိပ်ကိုယ်စီလွယ်ထားသည့် လူအင်အား ၁၀ ဦးခန့်ရှိသည့်အဖွဲ့ ( အမည်မသိ ) သည်သဘာဝလမ်းကြောင်းအတိုင်းဝင်ရောက်လာသဖြင့် ရပ်တန့်စစ်ဆေးရန်ကြိုးစားစဉ် အိပ်များချကာအမှောင်ထုကို အမှီပြု၍ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။
ထို့နောက် ထွက်ပြေးရာလမ်းကြောင်းတစ်လျှောက် လိုက်လံရှင်းလင်းရာ အိပ် ( ၃ ) ကိုရှာဖွေတွေ့ရှိခဲ့ပြီး မနက် ၀၆:၃၀ ချိန်တွင် နောက်အိပ် ၈ လုံး ၊ စုစုပေါင်း ၁၁ အိပ်လုံးကိုရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါအိပ်ထဲတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂.၁ သန်းအားရှာဖွေသိမ်းဆီးခဲ့သည် ။
ဝိန်ဟဲန်မြို့နယ် ၊ ပျင်းလုံရွာလေးသည် မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေပြီး ဘီပီ-၅ ဒေသ ( ပန်မိုင်ဆွန် ၊ပန်ကန့်ကော် ၊ မုံးထော် ၊ မုံးထ ) ဖြစ်ကြောင်း သိရှိရသည် ။
Ref-SiThu Maung #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment