Friday, May 29, 2020

မလေးရှားက Covid-19 Positive လူနာ(၇)ဦးနဲ့ Facility Quarantine ဝင်နေသူ ၂၈ ဦးတို့အား ဧရာဝတီဖောင်ဒေးရှင်း ကူညီ၊ ပြည်ပပြန်အားလုံးကို စာနာကြောင်း ဦးဇော်ဇော် ဆို

ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ မလေးရှားက ပြန်လာတဲ့ Covid-19 Positive လူနာ(၇)ဦးအတွက် ငါးသိန်းစီနဲ့ Facility Quarantine ဝင်နေတဲ့သူတွေထဲကမှ အထိန်းသိမ်းခံရပြီး ပြန်ရောက်လာသူ (၂၈)ဦးအတွက် တစ်သိန်းစီ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ထို့အတူ ပြည်ပနိုင်ငံ အသီးသီးက ပြန်ရောက်လာသူ (၅၀၀)ကျော်ကို မိမိတို့ရဲ့ Quarantine စင်တာမှာ အဆင်ပြေစွာ နေထိုင်၊ စားသောက်နိုင်စေဖို့ မေတ္တာဖြင့် စီစဉ်ဆောင်ရွက် ပေးထားပါတယ်။
တစ်ချိန်က မလေးရှား အကျဉ်းထောင်မှာ အထိန်းသိမ်း ခံထားရသူတွေကို သွားရောက်တွေ့ဆုံပြီး ရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်ကို အိမ်ပြန်နိုင်ဖို့ အတွက် ကူညီပေးခဲ့ ဖူးပါတယ်။ ဒါကြောင့်မို့ အထိန်းခံ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခက်အခဲ၊ ဒုက္ခတွေကို ပိုပြီးတော့ သိနေခဲ့ပါတယ်။
တကယ်တော့ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် ရှားပါးတာနဲ့ လစာဝင်ငွေ နည်းပါးတာကြောင့် လူငယ်တွေဟာ သူတို့ မိသားစုအတွက်၊ သူတို့ရဲ့ မျှော်လင့်ချက်တွေအတွက် နိုင်ငံရပ်ခြားကို စွန့်စွန့်စားစား သွားရောက် လုပ်ကိုင်ကြပါတယ်။ အဆင်ပြေသူတွေ ရှိသလို ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရသူတွေလည်း အများကြီးပါပဲ။
ကျွန်တော် ကိုယ်တိုင်လည်း ပြည်ပမှာ အောက်ခြေသိမ်း အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ဖူးတာမို့ အခက်အခဲအားလုံးကို စာနာ နားလည်မိပါတယ်။ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် ကျွန်တော်တို့ အားလုံးဟာ မြန်မာတွေပဲ ဖြစ်ပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် ပြန်လည်ရောက်ရှိလာကြတဲ့ ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုးတွေအပေါ် နွေးထွေးစွာ ကြိုဆိုရင်း ဘဝအမောတွေ ပြေစေဖို့ ဆန္ဒပြုအပ်ပါတယ်။
crd-ဦးဇော်ဇော် #Myanmar_Online_News
>>zawgyi<<
မလေးရှားက Covid-19 Positive လူနာ(၇)ဦးနဲ့ Facility Quarantine ဝင်နေသူ ၂၈ ဦးတို့အား ဧရာဝတီဖောင်ဒေးရှင်း ကူညီ၊ ပြည်ပပြန်အားလုံးကို စာနာကြောင်း ဦးဇော်ဇော် ဆို
Friday, May 29, 2020
ဧရာဝတီဖောင်ဒေးရှင်း အနေနဲ့ မလေးရှားက ပြန်လာတဲ့ Covid-19 Positive လူနာ(၇)ဦးအတွက် ငါးသိန်းစီနဲ့ Facility Quarantine ဝင်နေတဲ့သူတွေထဲကမှ အထိန်းသိမ်းခံရပြီး ပြန်ရောက်လာသူ (၂၈)ဦးအတွက် တစ်သိန်းစီ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ထို့အတူ ပြည်ပနိုင်ငံ အသီးသီးက ပြန်ရောက်လာသူ (၅၀၀)ကျော်ကို မိမိတို့ရဲ့ Quarantine စင်တာမှာ အဆင်ပြေစွာ နေထိုင်၊ စားသောက်နိုင်စေဖို့ မေတ္တာဖြင့် စီစဉ်ဆောင်ရွက် ပေးထားပါတယ်။
တစ်ချိန်က မလေးရှား အကျဉ်းထောင်မှာ အထိန်းသိမ်း ခံထားရသူတွေကို သွားရောက်တွေ့ဆုံပြီး ရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်ကို အိမ်ပြန်နိုင်ဖို့ အတွက် ကူညီပေးခဲ့ ဖူးပါတယ်။ ဒါကြောင့်မို့ အထိန်းခံ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခက်အခဲ၊ ဒုက္ခတွေကို ပိုပြီးတော့ သိနေခဲ့ပါတယ်။
တကယ်တော့ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် ရှားပါးတာနဲ့ လစာဝင်ငွေ နည်းပါးတာကြောင့် လူငယ်တွေဟာ သူတို့ မိသားစုအတွက်၊ သူတို့ရဲ့ မျှော်လင့်ချက်တွေအတွက် နိုင်ငံရပ်ခြားကို စွန့်စွန့်စားစား သွားရောက် လုပ်ကိုင်ကြပါတယ်။ အဆင်ပြေသူတွေ ရှိသလို ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရသူတွေလည်း အများကြီးပါပဲ။
ကျွန်တော် ကိုယ်တိုင်လည်း ပြည်ပမှာ အောက်ခြေသိမ်း အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ဖူးတာမို့ အခက်အခဲအားလုံးကို စာနာ နားလည်မိပါတယ်။ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် ကျွန်တော်တို့ အားလုံးဟာ မြန်မာတွေပဲ ဖြစ်ပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် ပြန်လည်ရောက်ရှိလာကြတဲ့ ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုးတွေအပေါ် နွေးထွေးစွာ ကြိုဆိုရင်း ဘဝအမောတွေ ပြေစေဖို့ ဆန္ဒပြုအပ်ပါတယ်။
crd-ဦးဇော်ဇော် #Myanmar_Online_News

0 comments:

Post a Comment