Saturday, May 30, 2020

မြစ်ကြီးနားမြို့တွင် လန်ခရူဇာယာဉ်များဖြင့် တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံး ၃၀၃ တုံးဖမ်းဆီးရမိ


ယနေ့ မေလ ၃၀ ရက်နေ့ မြစ်ကြီးနားမြို့နယ်တွင် ကျောက်စိမ်းတုံး ၃၀၃ တုံးကို လန်ခရူဇာယာဉ်များဖြင့် တရားမဝင်သယ်ဆောင်လာသူများကို ဖမ်းဆီးအရေးယူထားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကချင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် မြို့ပတ်လမ်းဆုံတွင် မေ ၂၅ ရက် နံနက် ၄ နာရီ ၁၅ မိနစ်၌ ယာဉ်ကြောပိတ်ဆို့ စစ်ဆေးခြင်းဆောင်ရွက်နေစဉ် နန်ကျင်ကျေးရွာဘက်မှ တပ်ကုန်းရပ်ကွက်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၃ စီးအား ရပ်တန့်ရန်တားဆီးခဲ့သည်။
ထိုသို့ တားဆီးခဲ့ရာ အဆိုပါယာဉ်များအနက် Land Cruiser ယာဉ်၏ ယာဉ်မောင်းမှာ ယာဉ်အားရပ်တန့်ကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။
၎င်းယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် တရားမဝင်သယ်ဆောင်လာသော အရွယ်စုံ ကျောက်စိမ်းတုံး ၉၇ တုံးအားလည်းကောင်း၊ ဝိုင်းမော်မြို့နယ်၊ မခေါယန်ကျေးရွာနေ မုန်ထွယ်အောင်(၂၇)နှစ် မောင်းနှင်ပြီး မြစ်ကြီးနားမြို့နယ်၊ ဆယ်မိုင်ကျေးရွာနေ အောင်လွင်(၁၉)နှစ် လိုက်ပါလာသည့် Land Cruiser ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် တရားမဝင်သယ်ဆောင် လာသော အရွယ်စုံကျောက်စိမ်းတုံး ၁၀၈ တုံးကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်နေ ဇန်ထဖုန်အောင်(၂၅)နှစ်မောင်းနှင်သည့် Land Cruiser ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် တရားမဝင်သယ်ဆောင်လာသော အရွယ်စုံ ကျောက်စိမ်းတုံး ၉၈ တုံးကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိသည့် စုစုပေါင်း အရွယ်စုံ ကျောက်စိမ်းတုံး ၃၀၃ တုံး၊ အလေးချိန် ၂၉၃၅ ကီလိုခန့်တို့ကို သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့ရာ မြစ်ကြီးနားမြို့မရဲစခန်းက (ပ)၁၉၁ /၂၀၂၀ ၊ ကျောက်မျက်ဥပဒေပုဒ်မ ၅၁(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Crd : MyanmarTimes

0 comments:

Post a Comment