Thursday, May 28, 2020

ဗစ်တိုးရီးယားအမှုမှ တရားခံဟုစွပ်စွဲခံခဲ့ရသော ကိုအောင်ကြီး နစ်နာမှုကုစားသည့်အနေဖြင့် တရားမကြောင်းအရ ရဲတပ်ဖွဲ့ကို တရားစွဲမည်

နေပြည်တောင်တွင် ဖြစ်ပွားခဲ့သော ဗစ်တိုးရီးယားအမှုကိစ္စ၌ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူမှာ ကိုအောင်ကြီးဖြစ်ကြောင်း စွပ်စွဲခံသော်လည်း တရားရုံးမှ ပြစ်မှုမထင်ရှားသည့်အတွက် ပြန်လည်လွတ်မြောက်လာသော ကိုအောင်ကြီး နစ်နာမှုကို ကုစားသည့်အနေဖြင့် တရားမကြောင်းအရ ရဲတပ်ဖွဲ့ကို တရားစွဲဆိုသွားမည်ဖြစ် ကြောင်း ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်ကပြောဆိုသည်။
“ ကျွန်တော်တို့က ကိုအောင်ကြီးကို စွဲချက်က လွှတ်တယ်ဆိုကတည်းက ကျွန်တော်တို့ပြောခဲ့ပါတယ်။ ကိုအောင်ကြီးနစ်နာမှုအတွက် ကျွန်တော်တို့အတွက် ကျွန်တော်တို့က တရားမကြောင်းအရ ကျွန်တော်တို့က ကိုအောင်ကြီး နစ်နာမှုအတွက် ကုစားမှု ရသမျှနည်းနဲ့ ကုစားမှုလုပ်မယ်ဆိုတာ အဲဒီပြောထားတဲ့စကားကို ကျွန် တော်တို့က အတည်အဖြစ်လုပ်တာပါပဲ” ဟု ၎င်းကပြောဆိုသည်။
ထိုသို့ တရားစွဲဆိုမှုပြုလုပ်ရာတွင် ဗစ်တိုးရီးယားအမှုကို စစ်ဆေးခဲ့သည့် နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရား ရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့က တရားမစွဲခင်ကြိုပြီးတော့ လုပ်ရမှာတွေရှိသေးတယ်။ ကျွန်တော်တို့က ဇွန်လ ပထမပတ်ထဲမှာလုပ်မှာပဲ ကျွန်တော်တို့က Notice ပေးမယ်။ ဒီအမှုမျိုးက တရားမကျင့်ထုံးအရ အစိုးရဌာနတို့ ဘာတို့ကို တရားမကြောင်းစွဲရင် ဘယ်သူ့ဆီမှ ခွင့်တောင်းစရာမလိုဘူး။ သို့သော် တစ်လကြိုတင်ပြီးတော့ အ ကြောင်းကြားရမယ်။ စွဲမယ့်ဌာနကို ကျွန်တော်တို့က Notice ပေးပြီးတော့ ဘာမှမတုံ့ပြန်ရင် ကျွန်တော်တို့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားတဲ့အခါ တရားရုံးမှာ တိုက်ရိုက်တရားစွဲတော့မှပေါ့။ တရားရုံးကို တရားမ မှု အနေနဲ့ တရားရုံးကို တိုက်ရိုက်လျောက်ပြီး တရားစွဲတာပေါ့။ ရဲတပ်ဖွဲ့ကိုစွဲမှာ ဘယ်သူတွေလဲဆိုတာက တော့ တရားစွဲရင်သိရပါလိမ့်မယ် ” ဟု ဦးခင်မောင်ဇော်ကပြောဆိုသည်။
အဆိုပါ ဗစ်တိုးရီးယားအမှု ကိစ္စနှင့် ပတ်သက်ပြီး တရားခံအမှန်မပေါ်ပေါက်သည့်အတွက် ရဲစည်းကမ်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဌာနတွင်းအရေးယူမှုများပြုလုပ်ထားကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားသော်လည်း မည်သည့်ရာထူးအ ဆင့်ရှိသူများနှင့်မည်သူကိုအရေးယူထားကြောင်းကို ပြောဆိုခြင်းမရှိပေ။
ဒုရဲချုပ် အောင်နိုင်သူသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယားအမှု ကျူးလွန်သူမှာ ကိုအောင်ကြီးဖြစ်ပြီး ကလေးငယ်တွင် ကိုအောင်ကြီး၏ သုတ်ပိုးတွေ့ရှိကြောင်း၊ အမှုစစ်ဆေးရာတွင် အဓိကသက်သေဖြစ်သည့် ဆရာမနှင်းနုသည် သက်ရှိသက်သေဖြစ်သည့်အ တွက် သူပြောချင်မှပြောလိမ့်မည်ဖြစ်ကြောင်း၊ ပြည်သူအများက ပြစ်မှုကျူးလွန်သူဟု ထင်မြင်ယူဆသူများသည် အမှုနှင့်မသက်ဆိုင်ကြောင်းစေသာ လူထုဝေဖန်မှုများသော အချက်များကိုပြောဆိုခဲ့သူလည်းဖြစ်သည်။
Ref ; Khit Thit Media
<zawgyi>
ဗစ်တိုးရီးယား အမှုမှ တရားခံဟု စွပ်စွဲခံခဲ့ရသော ကိုအောင်ကြီး နစ်နာမှုကုစားသည့်အနေဖြင့် တရားမကြောင်းအရ ရဲတပ်ဖွဲ့ကို တရားစွဲမည်
Thursday, May 28, 2020
နေပြည်တောင်တွင် ဖြစ်ပွားခဲ့သော ဗစ်တိုးရီးယား အမှုကိစ္စ၌ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူမှာ ကိုအောင်ကြီးဖြစ်ကြောင်း စွပ်စွဲခံသော်လည်း တရားရုံးမှ ပြစ်မှုမထင်ရှားသည့် အတွက် ပြန်လည်လွတ်မြောက်လာသော ကိုအောင်ကြီး နစ်နာမှုကို ကုစားသည့်အနေဖြင့် တရားမကြောင်းအရ ရဲတပ်ဖွဲ့ကို တရားစွဲဆိုသွားမည်ဖြစ် ကြောင်း ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်ကပြောဆိုသည်။
“ ကျွန်တော်တို့က ကိုအောင်ကြီးကို စွဲချက်က လွှတ်တယ်ဆိုကတည်းက ကျွန်တော်တို့ပြောခဲ့ပါတယ်။ ကိုအောင်ကြီးနစ်နာမှုအတွက် ကျွန်တော်တို့အတွက် ကျွန်တော်တို့က တရားမကြောင်းအရ ကျွန်တော်တို့က ကိုအောင်ကြီး နစ်နာမှုအတွက် ကုစားမှု ရသမျှနည်းနဲ့ ကုစားမှုလုပ်မယ်ဆိုတာ အဲဒီပြောထားတဲ့စကားကို ကျွန် တော်တို့က အတည်အဖြစ်လုပ်တာပါပဲ” ဟု ၎င်းကပြောဆိုသည်။
ထိုသို့ တရားစွဲဆိုမှုပြုလုပ်ရာတွင် ဗစ်တိုးရီးယားအမှုကို စစ်ဆေးခဲ့သည့် နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရား ရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့က တရားမစွဲခင်ကြိုပြီးတော့ လုပ်ရမှာတွေရှိသေးတယ်။ ကျွန်တော်တို့က ဇွန်လ ပထမပတ်ထဲမှာလုပ်မှာပဲ ကျွန်တော်တို့က Notice ပေးမယ်။ ဒီအမှုမျိုးက တရားမကျင့်ထုံးအရ အစိုးရဌာနတို့ ဘာတို့ကို တရားမကြောင်းစွဲရင် ဘယ်သူ့ဆီမှ ခွင့်တောင်းစရာမလိုဘူး။ သို့သော် တစ်လကြိုတင်ပြီးတော့ အ ကြောင်းကြားရမယ်။ စွဲမယ့်ဌာနကို ကျွန်တော်တို့က Notice ပေးပြီးတော့ ဘာမှမတုံ့ပြန်ရင် ကျွန်တော်တို့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားတဲ့အခါ တရားရုံးမှာ တိုက်ရိုက်တရားစွဲတော့မှပေါ့။ တရားရုံးကို တရားမ မှု အနေနဲ့ တရားရုံးကို တိုက်ရိုက်လျောက်ပြီး တရားစွဲတာပေါ့။ ရဲတပ်ဖွဲ့ကိုစွဲမှာ ဘယ်သူတွေလဲဆိုတာက တော့ တရားစွဲရင်သိရပါလိမ့်မယ် ” ဟု ဦးခင်မောင်ဇော်ကပြောဆိုသည်။
ရဲတပ်ဖွဲ့က ကိုအောင်ကြီးကို ဗစ်တိုးရီးယားအမှု ကျူးလွန်သည်သူဟု စွပ်စွဲခံသော်လည်း သက်သေ ၂ဝ ခန့်စစ်ဆေးပြီးချိန်တွင် ကျူးလွန်သူဖြစ်ကြောင်း သက်သေမပြနိုင်သည့်အတွက် ၁၃ကြိမ်မြောက်ရုံးချိန်တွင် တရားရှင်လွှတ်ပေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗစ်တိုးရီးယားအမှု ကိစ္စနှင့် ပတ်သက်ပြီး တရားခံအမှန်မပေါ်ပေါက်သည့်အတွက် ရဲစည်းကမ်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဌာနတွင်းအရေးယူမှုများပြုလုပ်ထားကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားသော်လည်း မည်သည့်ရာထူးအ ဆင့်ရှိသူများနှင့်မည်သူကိုအရေးယူထားကြောင်းကို ပြောဆိုခြင်းမရှိပေ။
ဒုရဲချုပ် အောင်နိုင်သူသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယားအမှု ကျူးလွန်သူမှာ ကိုအောင်ကြီးဖြစ်ပြီး ကလေးငယ်တွင် ကိုအောင်ကြီး၏ သုတ်ပိုးတွေ့ရှိကြောင်း၊ အမှုစစ်ဆေးရာတွင် အဓိကသက်သေဖြစ်သည့် ဆရာမနှင်းနုသည် သက်ရှိသက်သေဖြစ်သည့်အ တွက် သူပြောချင်မှပြောလိမ့်မည်ဖြစ်ကြောင်း၊ ပြည်သူအများက ပြစ်မှုကျူးလွန်သူဟု ထင်မြင်ယူဆသူများသည် အမှုနှင့်မသက်ဆိုင်ကြောင်းစေသာ လူထု ဝေဖန်မှုများသော အချက်များကိုပြောဆိုခဲ့သူလည်းဖြစ် သည်။
Ref ; Khit Thit Media

0 comments:

Post a Comment