Sunday, May 31, 2020

အမေရိကန်လူမည်း ဂျော့ဖလွိုက် သေဆုံးမှုအတွက် တရားမျှတမှုရရှိရေး ဂယက် ကနေဒါ၊ အင်္ဂလန်နှင့် ဂျာမနီသို့ ကူးစက်

အမေရိကန်တွင် လူဖြူရဲအရာရှိများက ဖမ်းဆီးစဉ် လူမည်းဂျော့ဖလွိုက်သေဆုံးရသည့်အပေါ် ကန့်ကွက် ဆန္ဒပြ ရာမှ ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ရသည်။ မေ-၂၆ ရက်နေ့တွင် မင်နီဆိုတာပြည်နယ် မင်နီယာပိုလိစ်နှင့် အမွှာညီအစ်မမြို့ စိန့်ပေါတို့မှ စတင်သောကန့်ကွက်ဆန္ဒပြပွဲများမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း အခြားမြို့ကြီးများ သို့လည်း ကူးစက်ပျံ့နှံ့သွားခဲ့သည်။
ဆူပူအကြမ်းဖက်မှုများဖြစ်ပွားလျှက်ရှိသော ဝါရှင်တန်ပြည်နယ် ဆီယက် တဲလ်မြို့တွင် မီးရှို့ခံရသော ရဲကားတစ်စီးမှ AR-15 စစ်မြေပြင်သုံး ချေမှုန်းရေးစက်သေနတ်အား လုယက်ရန် ကြိုးစားမှုဖြစ်ပေါ်ခဲ့ကြောင်း Russia Today က ယနေ့ရေးသားသည်။
ဆီယက်တဲလ်ရဲတပ်ဖွဲ့ပိုင် မော်တော်ကားအများအပြားကို မီးတင်ရှို့ခဲ့သော အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးစွပ် ကန့်ကွက်ဆန္ဒပြသူများသည် ရဲကားတစ်စီးအား ရမ်းကားဖျက်ဆီးစဉ် AR-15 ဟု ယူဆရသော စက်သေ နတ်ကို လုယူရန် ကြိုးစားခဲ့သည်ဆို၏။ သို့သော် အရပ်ဝတ်ရဲအရာရှိ သို့မဟုတ် လက်နက်ကိုင်စောင့်ရှောက်ရေး တပ်ဖွဲ့ များတွင်သာ တပ်ဆင်အသုံးပြုလေ့ရှိပြီး ဆန္ဒပြခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်း ယုံကြည်ပုံရသူတစ်ဦးက “ သေနတ်ကို ပြန်ချထားလိုက်စမ်း “ ဟု အော်ဟစ်လုယူခြင်းဖြင့် အချိန်မီတားဆီးနိုင်ခဲ့သည်ဆို၏။
အမေရိကန်ရဲတပ်ဖွဲ့၏ လူမဆန်စွာရက်စက်ကြမ်းကြုတ်မှုများကို ငြိမ်းချမ်းစွာ ဆန္ဒပြကန့်ကွက်ရာမှ မငြိမ်သက်မှု များသို့ ကူးပြောင်းလာခဲ့သည့် ဆီယက်တဲလ်မြို့တွင် ဆူပူသူများက စတိုးဆိုင်အများအပြား၏ မှန်များကို ရိုက်ခွဲ ခြင်းနှင့် ဝင်ရောက် လုယက်ခြင်းများ ပြုလုပ်ကြကြောင်း သိရှိရသည်။ မင်နီယာပိုလိစ်မှ စ တင်သော အဓိကရုန်း များသည် အမေရိကန် မြို့ကြီးပေါင်း ၂၀ ထက်မနည်းသို့ ပြန့်နှံ့သွားခဲ့ရာ ရုရှားမီဒီယာ RT ၏ သတင်းထောက် များနှင့် သတင်းရုပ်သံရိုက်ကူးရေးအဖွဲ့များက နေရာမလပ် ဒေါင့်စုံအောင် မှတ်တမ်းတင် သတင်းရယူခဲ့သည်။
နယူးယောက် ဘရွတ်ကလင်းတွင် ကန့်ကွက်ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သော ဘရိုင်ယန်နာဂျန်ကင်ဆိုသူက RT နှင့် တွေ့ဆုံရာ၌ ငယ်ရွယ်သူ သားသမီး-တူတူမများရှိသော ၎င်းအနေဖြင့် စတိုးဆိုင်များသို့ ဝင်ရောက် (လု ယက်) ခြင်းမျိုးကို မနှစ်သက်ကြောင်း၊ ပါဝင်ခြင်းလည်းမရှိကြောင်း ပြောဆိုသည်။ ဘရိုင်ယန်နာသည် အ ခြားရာပေါင်း များစွာသော ဆန္ဒပြသူများစွာအနက် တစ်ဦးဖြစ်သည်။ လက်နက်မဲ့ လူမည်းတစ်ဦးအား ရက် စက်စွာသတ်ဖြတ် သူများကို တရားစွဲထောင်ဒါဏ်အပြစ်ပေးခံရစေရန် အေးချမ်းစွာစုရုံးခဲ့ကြသူများအား ရဲတပ်ဖွဲ့ဝင်များက ရာဘာ ကျည်၊ မျက်ရည်ယိုဗုံး၊ ငရုတ်ကောင်းစပရေးများအသုံးပြု၍ ကြမ်းတမ်းစွာ လူစု ခွဲခဲ့သည်။ အတားအဆီးများကို ဖြတ်ကျော်သဖြင့် လူပေါင်းများစွာတို့မှာ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ဆန္ဒပြသူ အခြားတစ်ဦးကမူ လူသတ်မှုကျူးလွန်လျှင် မည်သူမဆို ထောင်ဒါဏ်အပြစ်ပေး ခံရမည်သာ ဖြစ် ကြောင်း၊ ဂျော့ဖလွိုက်သေဆုံးရသဖြင့် ရဲအရာရှိ ဒဲရစ်ချောဝမ်အား အလုပ်ထုတ်ယုံနှင့် မပြီးပဲ တရားစွဲရန် လိုအပ်ကြောင်း၊ အပြစ်မရှိကြောင်း သက်သေမပြနိုင်သရွေ့ လူသတ်မှုကျူးလွန်သည်ဟုသာ သတ်မှတ် ရလိမ့်မည်ဖြစ်ကြောင်းပြောဆိုသည်။ မင်နီဆိုတာပြည်နယ်မြို့တော်တွင် ဒေါသထွက်နေသူလူအုပ်ကြီးက မင်နီယာပိုလိစ်ရဲစခန်းအဆောက်အအုံအား မီးတင်ရှို့ခဲ့ကြသည်။ အမျိုးသားကာကွယ်ရေးတပ်ဖွဲ၏ ည ၈-နာရီမှ နံနက် ၆-နာရီအတွင်း အပြင်မထွက်ရ အမိန့်ကို ဆန့်ကျင်ကာ လူစုလူဝေးဖြင့် ရဲကားများအား မီးရှို့ဖျက် ဆီး ကြသည်။ မီးရှို့ဖျက်ဆီးမှုများပြား လာသည်နှင့်အမျှ လူအများကြားတွင် လက်နက်ကိုင်ဆောင်သူ အရေ အတွက်တိုးမြင့်လာရသည်။ မင်နီဆိုတာရဲတပ်ဖွဲ့သည် ယခုကဲ့သို့ ဖြစ်လာနိုင်သည်ကို ကြိုတင်တွက်ဆခဲ့ခြင်း မရှိကြောင်း၊ လူမည်းများအား နှိပ်ကွပ်ရန်သာ အလေးအနက်ထားသည့်အတွက် မိမိကိုယ်မိမိ ကာကွယ် ရတော့မည်ဖြစ်ကြောင်း ပြောဆိုသည်။
သောကြာနေ့ည မင်နီဆိုတာမြို့တော် လမ်းမကြီးများအား ပိတ်ဆို့ဆန္ဒပြသူအချို့မှာမူ ရာဇဝတ်မှုများ ကျူး လွန် ရန်အထိ ဆုံးဖြတ်ထားသူများ ပါဝင်နေသည်ဆို၏။ လော့စ်အိန်ဂျယ်လိစ် ကန့်ကွက် ဆန္ဒပြသူတစ်ဦးကမူ မိမိတို့အနေဖြင့် ကျည်ကာအကျင်္ီဝတ် အဓိကရုန်းနှိမ်နင်းရေး ရဲတို့အား ဆန့်ကျင်ကာ မိမိတို့၏ မကြေနပ် မှုများအား ပြသရန်အတွက် မိမိတို့အသံကို အများကြားအောင် လုပ်ခြင်းမှ လွဲ၍ ရွေးချယ်ရန် အခြားနည်းလမ်း မရှိကြောင်း ပြောဆိုသည်။
ဂျော့ဖလွိုက်သေဆုံးမှု့ဂယက်သည် အမေရိကန်နိုင်ငံအား ကျော်လွန်၍ ကနေဒါ၊ အင်္ဂလန်နှင့် ဂျာမနီသို့တိုင် ကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း Forbes က ယနေ့ရေးသားသည်။ အမေရိကန်လူမည်းများ ဘဝရပ်တည်ရေးတွင် အခြား အစိုးရအသီးသီးတို့သည်လည်း လူမျိုးရေးခွဲခြားမှုရှိနေသည်ဟု ဋ္ဌာနေနိုင်ငံသား အထူးသဖြင့် အာဖရိ ကန်နှင့် ကာရစ်ဘီယန်နွယ်ဖွားများတွင် ခံစားချက်ရှိနေကြသည်။ စနေနေ့တွင် ကနေဒါနိုင်ငံ တိုရွန်တိုမြို့၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နှင့် ဂျာမနီနိုင်ငံ ဘာလင်မြို့များရှိ အမေရိကန်သံရုံးအသီးသီးရှေ့တွင် ထောင်နှင့်ချီသော လူအုပ်ကြီးက " ဂျော့ဖလွိုက်အတွက် တရားမျှတရေး” နှင့် “ လူမည်းများ ဘဝရပ်တည်ရေး “ အတွက် ဆန္ဒပြတောင်းဆိုကြကြောင်း သတင်း၌ ဖော်ပြသည်။
Source - Htay Oung

0 comments:

Post a Comment