Friday, May 29, 2020

ကွတ်ခိုင်မြို့အနီးတွင် တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းအား TNLA အကြမ်းဖက်၈၀ ဦးခန့်က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မူဆယ်-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးအတိုင်း နမ့်ဖတ်ကာမှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသော တပ်မတော် အုပ်ချုပ်မှုယာဉ်တန်းတစ်ခုအား TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အင်အား ၈၀ ဦးခန့်က ကွတ်ခိုင်မြို့မရောက်မီ နမ့်ကွတ်ကျေးရွာမြောက်ဘက် မီတာ ၁၅၀၀ ခန့်နေရာတွင် အလစ်အငိုက် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ/စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ် ၁ စီး ပျက်စီးခဲ့ကြောင်းနှင့် ပစ်ခတ်ခဲ့သည့်TNLA အကြမ်းဖက် သောင်းကျန်းသူများနောက်သို့ တပ်မတော်စစ်ကြောင်းများက ထက်ကြပ်လိုက် စစ်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။
TNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဧပြီ ၂၃ ရက် ညပိုင်းကလည်း မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်းရှိ ပန်ဆေးပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ ဆောက်လုပ်လျက်ရှိသည့် ဆောက်လုပ်ဆဲဟိုတယ်တစ်လုံးကို ဆက်ကြေးငွေမပေးသဖြင့် ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သည့်အပြင် နယ်စပ်ကိုကျော်လွန်၍ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့သဖြင့် နှစ်နိုင်ငံကြားအစိုးရနှင့် တပ်မတော်များအကြား ချစ်ကြည်ရင်းနှီးစွာ ပြေလည်အောင် ဖြေရှင်းခဲ့ရသည်။
ယခုကာလသည် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်လျင်မြန်ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် အတွက် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားသည့် ကာလဖြစ်သည်။
တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးတွင် ထိထိရောက်ရောက် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး နိုင်ငံအနှံ့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားများအတွက် အထောက်အကူပြု ဆေးပစ္စည်းများကို ပေးပို့လှူဒါန်းခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ဆေးအကာအကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
မေ ၂၆ ရက်တွင် နမ့်ဆန်မြို့၌ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားများအတွက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု ဆေးပစ္စည်းများကို ပေးအပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့ မေ ၂၉ ရက်တွင်လည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့ပြည်သူ့ဆေးရုံသို့ အထောက်အကူပြု ဆေးပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့သည်။
TNLA ၊ MNDAA နှင့် AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ ၃ ဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၃ ရက်နေ့တွင် ၎င်းတို့၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းအား ထုတ်ပြန်ကြေညာခဲ့သည်။ မည်သို့ပင် ထုတ်ပြန်ကြေညာနေသော်လည်း ၎င်းတို့အနေဖြင့် ယခုလို COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးထားသည်ကို အခွင့်ကောင်းယူအမြတ်ထုတ်၍ တပ်မတော်ယာဉ်တန်းအား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။
အလားတူပင် တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၉ လတာ ကာလအတွင်းTNLA ၊ MNDAA နှင့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် ပြင်လွင်ဦးမြို့ရှိ သင်တန်းကျောင်းတစ်ခုကို နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ ပြင်ဦးလွင်၊ နောင်ချိုမူးယစ်ရဲတပ်ဖွဲ့စခန်းများအား တိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခြင်း၊ အဆောက်အဦနှင့် ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ မန္တလေး-မူဆယ်ပြည်ထောင်စုကားလမ်းပေါ်ရှိ အဓိကကျသော ဂုတ်တွင်းတံတားနှင့် သိန်းနီ-ကွမ်းလုံ လမ်းကြောင်းပေါ်ရှိ တံတားများကို ဖျက်ဆီးခြင်း၊ လားရှိုး-မူဆယ်ပြည်ထောင်စု ကားလမ်းပေါ်တွင် အရပ်ဖက်မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဆက်ကြေးကောက်ခံ ခြင်းစသည့် အကြမ်းဖက်သောင်းကျန်းမှုလုပ်ရပ်များ ကျူးလွန်ခဲ့သည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးထားသည့် ၉ လတာ ကာလအပါအဝင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ၂၀၁၉ ခုနှစ် တစ်နှစ်လုံးTNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ၁၅၂ ကြိမ်၊TNLA ၊ MNDAA၊ AAပူးပေါင်း အဖွဲ့နှင့် ၅၆ ကြိမ်၊KIA ၊ TNLA ပူးပေါင်းအဖွဲ့နှင့် ၁၁ ကြိမ်၊ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ နယ်မြေကျော်လွန်လှုပ်ရှားမှု ၃၃၀ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၁၄ ကြိမ်၊ လူသစ်စုဆောင်းမှု ၂ ကြိမ်ရှိခဲ့ကြောင်း သတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့်TNLA ၊ MNDAA ၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားခြင်းမရှိဘဲ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းများအပေါ် အခွင့်ကောင်းယူအမြတ်ထုတ်၍ စည်းကမ်းဖောက်ဖျက်မှုများ၊ ဥပဒေကျူးလွန်မှုများ၊ အကြမ်း ဖက်မှုများကို အကြိမ်ကြိမ်ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိရသည်။ ယနေ့ TNLA အကြမ်းဖက် သောင်းကျန်းသူများက တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းအား ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခြင်းအတွက် တပ်မတော်အနေဖြင့် ၎င်းတို့အား ဖော်ထုတ်ရှင်းလင်းချေမှုန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Ref-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment