Sunday, May 31, 2020

ပလက်ဝမြို့အနောက်ဘက်ရှိ AA အကြမ်းဖက်အဖွဲ့၏ယာယီဌာနချုပ်အား တပ်မတော်မှ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် လိုက်ပြီး ပလက်ဝမြို့အားပြန်လည်ထိန်းချုပ်လိုက်ပြီ

ပလက်ဝမြို့အနောက်ဘက်ရှိ AAအကြမ်းဖက်အဖွဲ့၏ ယာယီဌာနချုပ်အား တပ်မတော်မှ ယနေ့နံနက်တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ပလက်ဝမြို့အားပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်းလုံခြုံရေးဝန်ထမ်းများထံမှ သိရှိရသည်။
AA ဌာနချုပ်အဖြစ်ပြုလုပ်ကာ ပလက်ဝမြို့အား သိမ်းပိုက်မည်ဆိုသော AA လက်နက်ကိုင်အဖွဲ့များ အနေ ဖြင့် ပလက်ဝမြို့အနောက်ဘက်တွင်ရှိသော ပွိုင့် ၆၀၂ တောင်ကုန်းနှင့် ပွိုင့် ၅၆၅ တောင်ကုန်းတို့တွင် ယာယီဌာနချုပ်ပြုလုပ်ကာ ပလက်ဝနယ်မြေအတွင်းရှိတပ်မတော်စစ်ကြောင်းများအား တိုက်ခိုက်ခြင်း၊ ဒေသခံချင်းလူမျိုးများ နေရပ်စွန့်ခွာထွက်ပြေးစေရန်အတွက် ချင်းလူမျိုးများမနေနိုင်အောင် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံချင်းလူမျိုးများအား အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နှောင်ယှက်ဖျက်ဆီးတိုက်ခိုက်ခြင်း၊ အရပ်သားများအားအကြောက်တရားဖြင့်အုပ်ချုပ်ရန် မထောက်ခံသည့်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ပလက်ဝမြို့အားသိမ်းပိုက်ရန်အတွင်္က် တိုက်ခိုက်နေသော AA အဖွဲ့များအနေဖြင့် ပလက်ဝမြို့အောက်ဘက်ရှိ မီးဝဗျူဟာကုန်းအား (၄၂)ရက်ကျော်ကြာအောင်တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သားများမှ ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတိုက်ထုတ်ခဲ့သည်။ မေလ (၂၄)ရက်နေ့နှင့် ၂၅ ရက်နေ့များ တွင်လည်း ပလက်ဝတံတားစီမံကိန်းအနီးတွင် ယာယီ ခြေကုပ် ယူကာ ဒေသတွင်းအကြမ်းဖက်မှုများ ပြုလုပ်နေသည့် AA စခန်းကုန်း (၂)ခုအား တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့၏ ထောက်ပံ့ရေးလမ်းကြောင်းအားထိန်းချုပ်ကာ ယခုလို ၎င်းတို့ယာယီဌာနချုပ်အား အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း စစ်ဘက်သတင်းများအရသိရသည်။
“ သူတို့ဌာနချုပ်ကို ရတာကမနေ့ညတည်းကရတာ ဒါပေမဲ့ အကုန်လုံးရှင်းပြီးတာက ဒီမနက်မှ ရှင်းလိုက်နိုင်တာလို့ကြားတယ် တောထဲကပြန်လာတဲ့သူတွေ ပြောတာကတော့ ဒီမနက် AA ဘက်ကအဖွဲ့တွေ နယ်စပ်ဘက်ကို လူနာထမ်းတွေအများကြီးနဲ့ ပြန်ဆုတ်သွားတာတွေတွေ့ခဲ့ရတယ်လို့ ကြားသိရတယ်၊ သူတို့မရှိမှဖြစ်မှာ ဘာလဲ.. ရခိုင်လွတ်မြောက်ရေးအတွက် ချင်းလူမျိုးတွေကို လာဒုက္ခခံခိုင်းတာမဖြစ်သင့်ဘူး၊ တစ်သက်လုံးနေလာခဲ့တာအေးအေးချမ်းချမ်းပဲ သူတို့လာပြီးမှ တိုက်ပွဲတွေဖြစ်၊ ရွာသားတွေထွက်ပြေးရဖြစ်ကုန်တာ၊ အခုတပ်က သိမ်းလိုက်နိုင်ပြီဆိုတော့ ပြောမပြတတ်အောင် ဝမ်းသာမိတယ် ” ဟု ဒေသခံချင်းလူမျိုးတစ်ဦးကပြောသည်။
ယခုတပ်က တိုက်တဲ့ AA စခန်းကသူတွေသည် ကုလားတန်မြစ်မှာ သွားလာနေတဲ့ စက်လှေတွေကိုဆက်ကြေး ကောက်တာတွေရှိကြောင်း၊ လောင်းကဒူးကျေးထဲလာပြီး လူသစ်စွဲတာတွေ၊ အမျိုးသမီးတွေကို လက်နက်အားကိုးဖြင့် မုဒိန်းကျင့်တာတွေရှိကြောင်း၊ ပလက်ဝတံတားစီမံကိန်းကို မိုင်းခွဲတိုက်ခိုက်တာတွေနှင့် ဝန်ထမ်းတွေမနေနိုင်ရန် လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့တာတွေရှိခဲ့ကြောင်း ၎င်းကပြောသည်။
ရခိုင်ပြည်နယ်မှ အစိုးရလက်နက်ကိုင်များနှင့် တပ်မတော်တို့ ထွက်ခွာသွားရန် AA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့မှ ယမန်နေ့ကထုတ်ပြန်ကြေညာမှုအပေါ် သမ္မတရုံးကပယ်ချလိုက်ပြီး အကြမ်းဖက် နှိမ်နင်းရေးနှင့် စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းထောက် များနှင့်ပြုလုပ်သော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြား ထားသည်။
Ref ; May Yu Nadi

0 comments:

Post a Comment