Friday, May 29, 2020

ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေလဲလှယ်ရာတွင် မြဝတီနယ်စပ် BCF ဇုန်နဲ့ မြို့တွင်းငွေလဲနှုန်း ထိုင်းငွေ(၃၀)ဘတ်ခန့် ကွာဟမှုရှိနေ

ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ကရင်ပြည်နယ် မြဝတီနယ်စပ်ရှိ ထိုင်းပြန်မြန်မာလုပ်သားများအား လက်ခံကြိုဆိုရေးနေရာ BCF ဇုန်တွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ လဲလှယ်ပေးရာတွင် ဘတ်ငွေ ၂၃၈၀ ဘတ်ကို မြန်မာငွေ ၁ သိန်းနှုန်းဖြင့် လဲလှယ်ပေးလျက်ရှိပြီး မြဝတီမြို့တွင်း ငွေလဲလှယ်မှုစျေးနှုန်းနှင့် ထိုင်းငွေ ၃၀ ဘတ်ခန့် ကွာဟမှုရှိနေကြောင်း သိရသည်။
"ယနေ့ မြဝတီမြို့ထဲတွင် ထိုင်းငွေ ၂၃၅၀ ဘတ် ကို မြန်မာငွေ ၁ သိန်းကျပ်ဖြင့် လဲလှယ်ပေးနေသော်လည်း ထိုင်းပြန်မြန်မာလုပ်သားများအား လက်ခံကြိုဆိုသည့် မြဝတီနယ်စပ် BCF ဇုန်တွင် ထိုင်းငွေ ၂၃၈၀ ဘတ်ကို မြန်မာငွေ ၁ သိန်းကျပ်နှုန်းဖြင့် လဲလှယ်ပေးလျက်ရှိပြီး ပြင်ပငွေလဲလှယ်သော စျေးနှုန်းထက် ဘတ် ၃၀ ခန့် ပိုမိုယူထားသည်" ဟု ဘတ်ငွေလဲသူခဲ့များက ပြောသည်။
ထိုင်းပြန်မြန်မာလုပ်သားများမှာ ၎င်းတို့ပါလာသော ထိုင်းဘတ်ငွေများ ကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရာ၌ လွယ်ကူစေရန်အတွက် မြဝတီမြို့ရှိ ငွေလဲလှယ်သူများအား တာဝန်ရှိသူများက မြဝတီနယ်စပ် BCF ဇုန်တွင် နေရာပေး၍ စျေးနှုန်းတစ်ခုတည်းသာ သတ်မှတ်ပြီး တပြေးညီး ငွေလဲလှယ်စေတာပါ။
"အဆိုပါနေရာတွင် ထိုင်းဘတ်ငွေနှင့်မြန်မာကျပ်ငွေ လဲလှယ်ပေးသည့် ငွေလဲခုံ ၃၀ ကျော်ရှိပြီး တာဝန်ရှိသူများအား တစ်ရက်လျှင် မြန်မာငွေ (၁၅၀၀၀)ကျပ်ခန့် စျေးကောက် ပေးနေရသည်" ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူများ" က ဆိုပါတယ်။
ထိုင်းအစိုးရမှ မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် ခရီးသွားလာမှုတွင် ဖြေလျော့မှုပေးပြီးနောက် မေလ ၂၃ ရက်နေ့မှစ၍ နေ့စဉ် ပျမ်းမျှလူဦးရေ ၁ ထောင်ကျော် မြဝတီနယ်စပ်မှတဆင့် ဝင်ရောက်ခဲ့ရာ ယနေ့ မေလ ၂၉ရက်နေ့ထိ (၇)ရက်အတွင်း လူဦးရေ ၈၁၉၃ ဦး ပြည်တွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရပြီး ဝင်ရောက်လာသူများမှ ထိုင်းဘတ်ငွေများကို မြန်မာကျပ်ငွေဖြင့် ပြန်လည်လဲလှယ်ရှိရာ နေ့စဉ်တစ်ရက်လျှင်
မြန်မာငွေကျပ်သိန်းပေါင်း ထောင်နှင့်ချီ၍ ငွေကြေးလဲလှယ်မှုများ ပြုလုပ်နေကြသည်ဟု သိရသည်။
Ref-နေနော်(မြဝတီ) via - Saw Chaint Phaung#Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment