Saturday, May 30, 2020

လာမည့် ဇွန်လ ၁ ရက်နေ့မှစတင်၍ အစိုးရရုံးဝန်ထမ်းများ အင်အားအပြည့်ဖြင့် ရုံးပြန်တက်ရမည်ဖြစ်

မြန်မာနိုင်ငံအတွင်းရှိ အစိုးရဌာနဆိုင်ရာဝန်ထမ်းများအား ဇွန်လ ၁ ရက်မှစတင်၍ အင်အားအပြည့်ဖြင့် ရုံးလုပ်ငန်း တာဝန်များ ပုံမှန်အတိုင်း ပြန်လည်ထမ်းဆောင်ရန် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ ဝန်ကြီးဌာနအားလုံးသို့ မေလ ၂၈ ရက်တွင် ညွှန်ကြားထားသည်ဟု သိရသည်။
နိုင်ငံအတွင်း COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မတ်လ ၂၅ ရက်က COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ အစိုးရဌာနဆိုင်ရာဝန်ထမ်းများအား အင်အားလျှော့ချကာ ၅၀ ရာခိုင်နှုန်း ဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားထားခဲ့ပြီး ယခု ဇွန်လ ၁ ရက်မှစတင်၍ ပုံမှန်အင်အားအတိုင်း ပြန်လည် တာဝန်ထမ်းဆောင်ရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် COVID-19 ကူးစက်ရောဂါ အတိုင်းအတာတစ်ရပ်အထိ ဆောင်ရွက်နိုင်ပြီဖြစ်သောကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အင်အားတစ်ဝက်စီဖြင့် ရုံးလုပ်ငန်းဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများအား မူလ အင်အားအတိုင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ရန် ညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နေ့စဥ် ရုံးဆင်းရုံးတတ်ဆောင်ရွက်မည့် ဝန်ထမ်းများအနေဖြင့် ယာဉ်ပေါ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့် စည်းကမ်းသတ်မှတ်ချက်များ Social Distancing အတိုင်း လိုက်ပါစီးနင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

0 comments:

Post a Comment