Tuesday, May 26, 2020

ရန်ကုန်တိုင်းအစိုးရအဖွဲ့အား အရေးယူပေးရန် ကျောင်းသားတစ်ဦး တိုင်ကြား

ရှင်ဥပဂုတ္တမထေရ်ဖောင်တော် ရေချပူဇော်ပွဲ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့အား လိုအပ်သလိုအရေးယူပေးရန် ပခုက္ကူနည်းပညာတက္ကသိုလ် ဗကသ အဖွဲ့ဝင်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုသာထက်အောင်က ပခုက္ကူမြို့မရဲစခန်းသို့ မေ ၂၆ ရက် နံနက်ပိုင်းတွင် သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
တိုင်ကြားရာတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်၍ မေ ၂၄ ရက်က ပြုလုပ်ခဲ့သော ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော် ရေချပူဇော်ပွဲကျင်းပခြင်းသည် လူစုလူဝေးများဖြစ်ပေါ်ခဲ့ပြီး အစိုးရက ချမှတ်ထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေများကိုချိုးဖောက်နေကြာင်း တွေ့မြင်ရသည်ဟု ပြောဆိုတိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထိုတင်ပြတိုင်ကြားအမှုအပေါ် ပခုက္ကူမြို့မ ရဲစခန်းမှ ရဲအရေးပိုင်မှုမဟုတ်ကြောင်း ၊ သို့သော်လက်ခံထားပြီး သက်ဆိုင်ရာသို့ တင်ပြသွားမည်ဟု အကြောင်းပြန်ခဲ့ကြောင်းလည်း သိရသည်။
“ဒီမနက်မှာပဲ ရန်ကုန်တိုင်းအစိုးရအဖွဲ့က လုပ်တဲ့ ဘာသာရေး အခမ်းအနားနဲ့ပတ်သက်ပြီး လူစုလူဝေး ဖြစ်ပေါ်စေတာကြောင့် အစိုးရက ထုတ်ထားတဲ့အမိန့်ညွှန်ကြားချက်တွေကို ဖောက်ဖျက်ပါတယ်ဆိုပြီး တိုင်တန်းတာပါ။ ခုလိုတိုင်တန်းတာက အမျိုးသားအဆင့်ဗဟိုကော်မတီက တရားစွဲဆိုဖို့ထောက်ပြတာပါ။ ရဲစခန်းကလည်း အဆင့်ဆင့်တင်ပြပေးမယ်ပြောတာပါ။အခုက ဘယ်လိုလည်းဆိုတော့ အစိုးရကိုယ်၌က ထုတ်ထားတဲ့ဥပဒကို ချိုးဖောက်တယ်။ ပြည်သူတွေ ချိုးဖောက်တော့ ထောင်ကျတယ်။ပြည်သူကလုပ်ရင် တရားစွဲဆိုထောင်ချပြီး အစိုးရက လုပ်ရင်ကျတော့ ရလား။ အစိုးရနဲ့ ပြည်သူကအမြဲတမ်း ကွာဟနေတယ်။သူတို့လုပ်ရင်တောင်းပန်ရုံနဲ့ပြီးသွားတယ်ဆိုတာမျိုး ကျွန်တော်တို့လက်မခံနိုင်တဲ့အတွက် ခုလိုတင်ပြရတာပါ”ဟု ကိုသာထက်အောင်က ပြောဆိုသည်။
လက်ရှိတွင် ကိုဗစ်ကာလအတွင်း COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ လူစုလူဝေးမပြုလုပ်ရန် တားမြစ်ထားပြီး အဆိုပါကာလအတွင်း ဘာသာရေးနှင့် ပတ်သက်၍ ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးပြုလုပ်ခဲ့သည်ဆိုကာ တရားစွဲဆိုတင်ပို့ခဲ့သည့် ဒေးဗစ်လားအမှုအပါအဝင် အခြားသော အမှုများဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ တရားစွဲဆို ထောင်ဒဏ် ချမှတ် ခံထားရမှုများရှိသည်။ ယင်းအခြေအနေတွင် ရန်ကုန်တိုင်းအစိုးရ၏ လုပ်ရပ်ကြောင့် ပြည်သူများအကြား ဝေဖန်မှုမြင့်တက်နေပြီး ယခုကိစ္စရပ်နှင့်ပတ်သက်၍ အစိုးရနှင့် ပြည်သူကွာဟချက်ကို သိသာစွာတွေ့မြင်ရကြောင်း ဝေဖန်ပြောဆိုလျက်ရှိသည်။
"ဝန်ကြီးချုပ်ကို ပါတီအနေနဲ့ အရေးယူမယ် မယူဘူးတော့ မသိသေးဘူး။ဒါက CEC ရဲ့ အလုပ်ဗျ။ ဒီလုပ်ရပ်နဲ့ပတ်သက်လို့ ကျွန်တော်ပြောချင်တာကတော့ ညွှန်ကြားချက်ဆိုတာ တစ်နိုင်ငံလုံးအတွက် ထုတ်ထားတဲ့ညွှန်ကြားချက်ပဲ။ဘာပဲ ဖြစ်ဖြစ် မည်သူမဆိုလိုက်နာဖို့လိုတယ်ဆိုတာပဲ ပြောချင်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မုံရွာအောင်ရှင် က ပြောဆိုသည်။
ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲ အခမ်းအနားကို မေ ၂၄ ရက်နံနက် ၇ နာရီတွင် ဗိုလ်တထောင်မြို့နယ် ၊ ဗိုလ်တထောင် ဆိပ်ကမ်း၌ ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ဇနီး ဒေါ်ခင်မိမိကြွယ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း တိုင်းအစိုးရက သတင်းထုတ်ပြန်ထားပြီး ပြည်သူအများက ယင်းလုပ်ရပ်အပေါ် ဝေဖန်ပြောဆိုလျက်ရှိသည်။
Ref- မြန်မာတိုင်းမ်နေ့စဉ် #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment