Sunday, May 31, 2020

ဦးဖြိုးမင်းသိန်း ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲဝင်ရန် အတော်ကြိုးစားရဦးမည်ဟု ဦးဝင်းထိန်ပြော


ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် လာမယ့်ရွေးကောက်ပွဲဝင်ဖို့တောင် အတော်ကြိုးစားရဦးမယ်လို့ အန်အယ်လ်ဒီ နာယက ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ နှလုံးခွဲစိတ်ထားရတာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်၊ မဝင်ကိုတော့ သူကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ရန်ကုန်တိုင်းဟာ လူဦးရေအများအပြား နေထိုင်တဲ့မြို့၊ စီးပွားရေးအရ အချက်အချာကျတဲ့ မြို့ဖြစ်ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေထက် ပြဿနာတွေ အများအပြားရှိနေတဲ့အတွက် တခြားဝန်ကြီးချုပ်တွေထက် ပိုပြီးအဝေဖန်ခံနေရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တဖောင်တော် ရေချပူဇော်မင်္ဂလာနဲ့ ဗိုလ်တစ်ထောင်ဘုရား ဘက်စုံမွမ်းမံပြုပြင်တာ၊ အစ်မတော် မြနန်းနွယ်ကျောင်းတော် ကျောင်းဆောင်ပြုပြင်မွမ်းမံတာတွေ ပြုလုပ်ရာမှာ လူစုလူဝေး ဖြစ်ပေါ်ခဲ့တဲ့အပေါ် နိုင်ငံတော်သမ္မတရုံးကလည်း ထုချေလွှာ တောင်းထားပါတယ်။
အဲဒီကိစ္စမှာလည်း ဝန်ကြီးချုပ်တဦးအနေနဲ့ စေတနာမှန်နဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို လုပ်တာဖြစ်ပေမယ့် လူစုလူဝေးဖြစ်ပေါ်ခဲ့တဲ့အတွက် ကံမကောင်းရှာဘူးလို့ ဦးဝင်းထိန်က မှတ်ချက်ပေးပါတယ်။
Ref ' DVB
<zawgyi>
ဦးဖြိုးမင်းသိန်း ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲဝင်ရန် အတော်ကြိုးစားရဦးမည်ဟု ဦးဝင်းထိန်ပြော
Sunday, May 31, 2020
ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် လာမယ့်ရွေးကောက်ပွဲဝင်ဖို့တောင် အတော်ကြိုးစားရဦးမယ်လို့ အန်အယ်လ်ဒီ နာယက ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ နှလုံးခွဲစိတ်ထားရတာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်၊ မဝင်ကိုတော့ သူကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ရန်ကုန်တိုင်းဟာ လူဦးရေ အများအပြား နေထိုင်တဲ့မြို့၊ စီးပွားရေးအရ အချက်အချာကျတဲ့ မြို့ဖြစ်ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေထက် ပြဿနာတွေ အများအပြား ရှိနေတဲ့အတွက် တခြားဝန်ကြီးချုပ်တွေထက် ပိုပြီး အဝေဖန်ခံနေရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တဖောင်တော် ရေချပူဇော်မင်္ဂလာနဲ့ ဗိုလ်တစ်ထောင်ဘုရား ဘက်စုံမွမ်းမံပြုပြင်တာ၊ အစ်မတော် မြနန်းနွယ်ကျောင်းတော် ကျောင်း ဆောင်ပြုပြင်မွမ်းမံတာတွေ ပြုလုပ်ရာမှာ လူစုလူဝေး ဖြစ်ပေါ်ခဲ့တဲ့အပေါ် နိုင်ငံတော်သမ္မတရုံးကလည်း ထုချေလွှာ တောင်းထားပါတယ်။
အဲဒီကိစ္စမှာလည်း ဝန်ကြီးချုပ်တဦးအနေနဲ့ စေတနာမှန်နဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို လုပ်တာဖြစ်ပေမယ့် လူစုလူဝေးဖြစ်ပေါ်ခဲ့တဲ့အတွက် ကံမကောင်းရှာဘူးလို့ ဦးဝင်းထိန်က မှတ်ချက်ပေးပါတယ်။
Ref ' DVB

0 comments:

Post a Comment