Sunday, May 31, 2020

ရဲဝန်ထမ်းဟောင်းအား ပြင်းထန်သောစွဲချက်ဖြင့် အရေးယူပေးရန် ဂျော့ဖလွိုက် မိသားစု တောင်းဆို

ရဲဝန်ထမ်းဟောင်း ဒီရက်ချူးဗင်အား တတိယဒီဂရီအဆင့် လူသတ်မှုဖြင့် သောကြာနေ့က စွဲချက်တင်ခဲ့သော် လည်း သေဆုံးခဲ့သည့် လူမည်းအမျိုးသား ဂျော့ဖလွိုက်၏ မိသားစုဝင်များကမူ ယခုထက်မက ပိုပြင်းထန် သော လူသတ်မှုစွဲချက်ဖြင့် အရေးယူရန် ထပ်မံတောင်းဆိုလိုက်သည်။
ဂျော့ဖလွိုက် သေဆုံးပြီးနောက် တာဝန်မှထုတ်ပယ်ခံခဲ့ရသော ရဲဝန်ထမ်းဟောင်း ဒီရက်ချူးဗင်သည် အသက် (၄၄)နှစ် အရွယ်ရှိသူဖြစ်ပြီး လူသတ်မှု နှစ်မှုဖြင့် စွဲချက်တင် ဖမ်းဆီးခံခဲ့ရသည်။
ပထမစွဲချက်မှာ တတိယဒီဂရီလူသတ်မှုဖြစ်ပြီး နောက်စွဲချက်မှာ ဒုတိယဒီဂရီ မရည်ရွယ်ဘဲလူသတ်မှုတို့ဖြစ် သည်။ ၎င်းအား စွဲချက်တင်ဖမ်းဆီးခဲ့သော်လည်း ဂျော့ဖလွိုက် မိသားစု၏ ရှေ့နေဘန်ဂျမင်ခရမ်ကတော့ စွဲချက်များမှာ အလွန်ပျော့လွန်းကြောင်းဆိုထားပြီး ပထမဒီဂရီ လူသတ်မှုဖြင့် စွဲချက်တင်ရန်တောင်းဆိုထားသည်။
ချူးဗင်သည် ဂျော့ဖလွိုက်၏ လည်ပင်းကို သူ့ဒူးဖြင့်ထောက်ပြီး ဖမ်းချုပ်ခဲ့သည်မှာ စုစုပေါင်း ၈ မိနစ်နှင့် ၄၆ စက္ကန့်ကြာခဲ့သည်။ ဖမ်းချုပ်ချိန်စုစုပေါင်း ၁၁မိနစ်ကျော်တစ်လျှောက်လုံး ဂျော့ဖလွိုက်သည် ဘာမှ တုံ့ပြန်မှုမရှိခဲ့ကြောင်း တရားလိုဘက်က ထောက်ပြထားသည်။
လတ်တလောတွင် ဂျော့ဖလွိုက်အားဖမ်းဆီးရာ၌ ပါဝင်သည့် အခြား ရဲဝန်ထမ်းဟောင်း သုံးဦးအား စွဲချက်မတင်သေးသော်လည်း ရှေ့နေချုပ် ဖရီးမန်းကမူ ၎င်းတို့ သုံးဦးကိုပါ စွဲချက်တင်ရန်စီစဉ်နေသည်ဟု ဆိုသည်။
ယခု ချူးဗင်ကို တင်ထားသော စွဲချက်မှာ ပထမအမှုအတွက် ထောင်ဒဏ် ၂၅နှစ်၊ ဒုတိယအမှုအတွက်ထောင် ဒဏ် ၁၀နှစ်ကျခံရနိုင်သည့်စွဲချက်များဖြစ်သည်။
အမေရိကန်ပြည်နယ်အများစုတွင် လူသတ်မှုများကို ဒီဂရီနှစ်မျိုးသာခွဲထားသော်လည်း မီနီဆိုတာပြည်နယ် ဥပဒေတွင်မူ လူသတ်မှုကို နောက်တစ်ဆင့် လျှော့ပေါ့စဉ်းစားပေးသည့် တတိယဒီဂရီလူသတ်မှုဥပဒေကို ပြဌာန်းထားသည်။
တတိယဒီဂရီလူသတ်မှုကို အဓိပ္ပါယ်ဖွင့်ဆိုထားရာတွင် လူတစ်ဖက်သားကို ထင်ထင်ရှားရှား အန္တရာယ်ဖြစ် စေသည့်လုပ်ရပ်နှင့် သေစေလိုသည့်ရည်ရွယ်ချက်မပါဘဲ ပြစ်မှုကျူးလွန်ခဲ့မှုများကို ရည်ရွယ်ထားခြင်းဖြစ်သည်။
Ref ; The Standard Time Daily

0 comments:

Post a Comment