Tuesday, May 26, 2020

ဗြိတိန်နိုင်ငံတွင် စတိုးများကို ဇွန်လ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ် ကြောင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Johnson မှပြောကြား

ဗြိတိန်နိုင်ငံတွင် အကယ်၍ ကိုရိုနာဗိုင်းရပ်စ်ကို ဆက်လက်ထိန်းထားနိုင်မည်ဆိုလျှင် မရှိမဖြစ်လိုအပ်သောအရာများမဟုတ်သည့်စတိုးများကို ဇွန်လတွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း မေလ ၂၅ ရက်နေ့တွင် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Johnson မှပြောကြားခဲ့ပါသည်။
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Johnson မှပြောကြားရာတွင် မဖြစ်မနေလိုအပ်သည့် အရာများမဟုတ်သည့် ဆေးဆိုင်များ ၊ စတိုးဆိုင်များမှစ၍ ဈေးဆိုင်ငယ်များပါမကျန် ဇွန်လ ၁၅ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန်ရည်ရွယ်ကြောင်း သတင်းထောက်များအား ပြော ကြားခဲ့ပါသည်။
ဗြိတိန်နိုင်ငံတွင် သေဆုံးမှုစုစုပေါင်းမှာ ၃၆,၉၁၄ ရှိပြီး ဉရောပတွင် အမြင့်ဆုံး ဖြစ်ပါသည်။
သို့ရာတွင် သေဆုံးမှုနှင့် ရောဂါကူးစက်ပျံ့နှံ့မှုများမှာသိသိသာသာ လျှော့ကျခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် ပြည်ပဈေးကွက်များနှင့် ကလေးများအတွက် စာသင်ကျောင်း များကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ဦးတည်နေပါသည်။
အရွယ်ရောက်ကျောင်းသားများ၏ အတန်းများကို ဇွန်လ ၁၅ ရက်နေ့တွင် ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်းကို ၎င်းမှ ပြောကြားခဲ့ပါသည်။
မိမိတို့အနေဖြင့် ကျောင်းများတဖြည်းဖြည်းပြန်လည် ဖွင့်ပေးဖို့တောင်းဆိုနေ ကြောင်း ဗြိတိန်ပြည်သူများသည်မိမိတို့၏သဘောထားများအား နားလည်လာမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
>>zawgyi<<
ဗြိတိန်နိုင်ငံတွင် စတိုးများကို ဇွန်လ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ် ကြောင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Johnson မှပြောကြား
Tuesday, May 26, 2020
ဗြိတိန်နိုင်ငံတွင် အကယ်၍ ကိုရိုနာဗိုင်းရပ်စ်ကို ဆက်လက်ထိန်းထားနိုင်မည်ဆို လျှင် မရှိမဖြစ်လိုအပ်သောအရာများမဟုတ်သည့်စတိုးများကို ဇွန်လတွင် ပြန်လည် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း မေလ ၂၅ ရက်နေ့တွင် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Johnson မှပြောကြားခဲ့ပါသည်။
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Johnson မှပြောကြားရာတွင် မဖြစ်မနေလိုအပ်သည့် အရာများမဟုတ်သည့် ဆေးဆိုင်များ ၊ စတိုးဆိုင်များမှစ၍ ဈေးဆိုင်ငယ်များပါမကျန် ဇွန်လ ၁၅ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန်ရည်ရွယ်ကြောင်း သတင်းထောက်များအား ပြော ကြားခဲ့ပါသည်။
ဗြိတိန်နိုင်ငံတွင် သေဆုံးမှုစုစုပေါင်းမှာ ၃၆,၉၁၄ ရှိပြီး ဉရောပတွင် အမြင့်ဆုံး ဖြစ်ပါသည်။
သို့ရာတွင် သေဆုံးမှုနှင့် ရောဂါကူးစက်ပျံ့နှံ့မှုများမှာသိသိသာသာ လျှော့ကျခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် ပြည်ပဈေးကွက်များနှင့် ကလေးများအတွက် စာသင်ကျောင်း များကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ဦးတည်နေပါသည်။
အရွယ်ရောက်ကျောင်းသားများ၏ အတန်းများကို ဇွန်လ ၁၅ ရက်နေ့တွင် ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်းကို ၎င်းမှ ပြောကြားခဲ့ပါသည်။
မိမိတို့အနေဖြင့် ကျောင်းများတဖြည်းဖြည်းပြန်လည် ဖွင့်ပေးဖို့တောင်းဆိုနေ ကြောင်း ဗြိတိန်ပြည်သူများသည်မိမိတို့၏သဘောထားများအား နားလည်လာမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment