Saturday, May 30, 2020

တာချီလိတ်မြို့ " မိဘမေတ္တာ "ကိုယ်ပိုင်အထက်တန်းကျောင်း ဝင် /ထွက်ပေါက်အနီးအမှိုက်ပုံးအတွင်းမှ ချိန်က်ဗုံးအဟောင်းဟု ယူဆရသော တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးအဟောင်းတစ်လုံးတွေ့ရှိ

မေလ ၃၀ ရက်နေ့ ၁၃:၃၀ချိန်တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ၊ ပါလျံ ( ၁ ) ၊အမှတ် ( ၁/၆၁၈ ) ရှိ မိဘမေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း ဝင်/ထွက်ပေါက်အုတ်တံတိုင်းဘေးအနီး ဝဲဘက်ခြမ်းတွင်အမှိုက်များထည့်ထားသည့် ရေဆွဲကော်ပုံးအား ယာဉ်မောင်းဖြစ်သူ ဦးဇော်ဇော်ထွန်း ( ၄၇ ) နှစ်သည် စက်ပြင်နေရာမှ စက်ပစ္စည်းများဆေးကြောရန်အတွက် ပုံးအတွင်းရှိအမှိုက်များကိုသွန်လိုက်စဉ် အမှိုက်များနှင့်အတူ အချင်း ( ၆ ) လက်မ ၊ အနက်၃ လက်မခန့်ရှိ ဆောင်းဘောက်စ် စပီကာအခွံအတွင်းထည့်လျှက် MS-1 အစိမ်းရောင် တရုတ်ထုတ် လက်ပစ်ဗုံး အဟောင်း ( ၁ ) လုံး ၊ စကားပြောစက်တွင်အသုံးပြုသည့် ဘက်ထရီ ( ၁ ) ခု ( အသုံးပြုမရ ) ၊ အရှည် ၆ ပေခန့်ရှိ ဖြူနီ ဝါယညကြိုးအသေး ( ၂ ) ချောင်း ( ဒေတိုနီတာတပ်လျှက် ) တို့အား ၁၃:၁၅ ချိန်တွင်တွေ့ရှိခဲ့သဖြင့်သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်ဟုသိရသည် ။
ထို့နောက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ၊ ဒုတိယရဲမှူးကြီး ရဲနိုင်အောင်ဦးစီး၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးနှင့် အမှတ် ( ၂ ) ချစ်ကြည်တံတားတွင်တာဝန်ကျနေသော အမှတ် ( ၉၁၃ ) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ် မင်းရန်အောင်ကျော်တို့နှင့်အတူ သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့သည် သတင်းရရှိသည့် နေရာသို့ သွားရောက်ကြည့်ရှူ့စစ်ဆေးရာ အမှိုက်ပုံးအတွင်း ဆောင်းဘောက်စ် စပီကာအခွံ အတွင်းမှ လက်ပစ်ဗုံးအဟောင်းနှင့် ဆက်စပ်ပစ္စည်းများအား စအရ ( ၉၁၃ ) တပ်ဆွယ်သို့ယူဆောင်သွားကြောင်းသိရသည် ။
အဆိုပါအမှိုက်ပုံးသည်လွန်ခဲ့သော ၃ လခန့်ကတည်းကယခုအတိုင်း တွေ့မြင်ခဲ့ကြောင်းမျက်မြင်သက်သေဖြစ်သည့် ဦးဇော်ဇော်ထွန်း၏ပြောပြချက်အရသိရှိရသည် ။
Photo : Credit ပေးပါသည်။
Ref : SiThuMaung

0 comments:

Post a Comment