Friday, May 29, 2020

မူဆယ်မြို့နယ်၊ နောင်ရမ်းကျေးရွာနှင့် နောင်မွန်ကျေးရွာတို့အနီး၌ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရကြောင်း တပ်မတော်သတင်းထုတ်ပြန်

မေလ ၂၈ ရက်နေ့ ည ၆ နာရီခန့်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင် ရွက်နေသော တပ်ဖွဲ့ဝင်များသည်နောင်ရမ်းကျေးရွာ၏ မြောက်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ တဲပျက်၏ အနောက်ဘက်ချုံပုတ်အတွင်းမှ ဆာလာအိတ် အဖြူရောင်ဖြင့် ထုပ်ပိုးထားသော အမ်-၂၁ သေနတ် ၁ လက်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ အမ်-၂၀ (ပါရာပစ္စတို) ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် နောင်မွန်ကျေးရွာ၏ အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာရှိ လယ်စောင့်တဲပျက် အောက်၌ သွပ်ပြားဖြင့် ဖုံးအုပ်ထားပြီး ဆာလာအိတ်အဖြူရောင်ဖြင့် ထုပ်ပိုးထားသည့် အမ်-၂၂ သေနတ် ၁ လက်၊ အမ်- ၁၆ သေနတ် ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခု၊ အမ်-၂၂ သေနတ် ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခုတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ လက်နက်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment