Friday, May 29, 2020

ဟားခါးမြို့မှ ကိုဗစ်လူနာအမှတ်(၁၅၀) Home Quarantine (၁၄)ရက် ပြည့်သွားပြီဖြစ်၍ ပုံမှန်သွားလာခွင့်ရရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့က ဆေးရုံဆင်းခွင့်ရထားတဲ့ ကိုဗစ်လူနာအမှတ်(၁၅၀) အမျိုးသမီးဟာ Home Quarantine ရက်ပြည့်သွားပြီဖြစ်တာကြောင့် မေ(၂၉)ရက်က ပုံမှန်သွားလာခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်က ပြောပါတယ်။
အဲဒီလူနာအမှတ်(၁၅၀)ဟာ နှစ်ကြိမ်ဆက် Negative အဖြေထွက်ထားသူဖြစ်ကာ မေ(၁၃)ရက်က ဆေးရုံဆင်းခွင့် ရပြီး နေအိမ်မှာ Home Quarantine (၁၄)ရက် ခံယူခဲ့သူဖြစ်ပါတယ်။
ကိုဗစ်လူနာ အမှတ်(၁၅၀)ဟာ မေ(၁၁)ရက် ညပိုင်းက ပထမအကြိမ် Negative အဖြေထွက်ရှိခဲ့တာဖြစ်ပြီး အဲဒီနောက် (၄၈)နာရီအကြာမှာ ဓာတ်ခွဲနမူနာထပ်မံရယူကာ ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနကို ပို့ဆောင်စစ်ဆေးခဲ့ရာ မေ(၁၂)ရက် ညပိုင်းက Negative အဖြေထပ်မံထွက်ရှိခဲ့တာဖြစ်ပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment