Friday, May 29, 2020

အိန္ဒိယနဲ့ တရုတ်ကြား နယ်နိမိတ် ပြဿနာ စေ့စပ်ပေးဖို့ Trump ကမ်းလှမ်းချက် နှစ်နိုင်ငံလုံး ပယ်ချ

အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား လက်ရှိဖြစ်နေတဲ့ နယ်နိမိတ်အငြင်းပွားမှု ပြဿနာကို ကြားဝင်ဆောင်ရွက်ပေးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ကမ်းလှမ်းလိုက်တဲ့အပေါ်မှာ နှစ် နိုင်ငံစလုံးက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရပါတယ်။
အိန္ဒိယအနေနဲ့ ဒီကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့အတွက် တရုတ်နိုင်ငံနဲ့ ဆွေးနွေးနေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Anurag Srivastava သတင်းထောက်တွေကို ပြောကြားခဲ့ပြီး အိန္ဒိယ နဲ့ တရုတ် နှစ် နိုင်ငံ နယ်နိမိတ်ပြဿနာ အငြင်းပွားမှုမှာကြားက တတိယနိုင်ငံတခုက ဝင်ရောက်ဖြေရှင်းပေးစရာ မလိုဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရ Zhao Lijian က ဒီကနေ့ ပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။
ဟိမဝန္တာတောင်တန်းဒေသမှာရှိတဲ့ အိန္ဒိယ နဲ့ တရုတ်နိုင်ငံ နယ်စပ်က နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Ladakh ဒေသမှာနှစ်ဘက်တပ်တွေ စခန်းတွေဆောက်နေကြတာကြောင့် ထိပ်တိုက်တွေ့နေကြတာပါ။ နှစ်ဘက်စလုံးကလည်း တဘက်နဲ့ တဘက် နယ်စပ်ဖြတ်ကျော်တယ်ဆိုပြီး အပြန်အလှန်စွပ်စွဲနေကြပါတယ်။
အဲဒီဒေသမှာ ၂ နိုင်ငံကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားတာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိလာခဲ့တာဖြစ်ပြီး အခုတကြိမ်ကတော့ ၁၉၆၂ ခုနှစ် နောက်ပိုင်း နဲ့ အခုလတ်တလောနှစ်တွေအတွင်း စိုးရိမ်စရာ အကောင်းဆုံးအခြေအနေဖြစ်ပါတယ်။
နှစ်ဘက် စစ်ဘက်တာဝန်ရှိသူတွေနဲ့ သံတမန်တွေ ဆွေးနွေးမှုတွေ ရှိနေပေမဲ့လည်း တင်းမာမှုတွေလျော့ကျတဲ့ အရိပ်လက္ခဏာတော့ မတွေ့ရသေးဘူးလို့ အိန္ဒိယဘက်က လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
crd-ဗွီအိုအေ #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment