Sunday, May 31, 2020

လက်ရှိ မြန်မာနိုင်ငံတွင်Covid-19 အတည်ပြုလူနာ (၂၂၄) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃.၇သိန်းကျော်ရှိလာပြီဖြစ်ကာ ရောဂါကူးစက်ခံရသူ ၆.၁သန်းကျော်အထိ မြင့်တက်နေ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ မေလ ၃၁ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၃၇၀,၅၀၀) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၆,၁၅၀,၂၆၂) ဦး ကူးစက်ခံထားရကြောင်း သိရသည်။
မြန်မာနိင်ငံတွင် (၂၃-၃-၂၀၂၀)ရက်နေ့မှ (၃၁-၅-၂၀၂၀)ရက်နေ့၊ နံနက် (၇:၀၀) နာရီ အချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၂၄) ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ (၁၃၀)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ(၆)ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

0 comments:

Post a Comment