Thursday, May 28, 2020

ဒုတိယရဲမှူး ၁ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်အရေးယူ ထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က နဲ့ တရားစွဲဆိုခံရတဲ့ အမှုနှင့်ပတ်သက်ပြီး အာမခံရရှိဖို့ အတွက် မြို့နယ်တွဲဖက်တရားသူကြီးနဲ့ လှိုင်မြို့မရဲစခန်းမှူးတို့ကို ငွေကျပ် ၁၀ သိန်းပေးခဲ့ရတဲ့ကိစ္စ အရေးယူပေးဖို့ ကော်မရှင်သို့ တိုင်ကြားချက်အရ စုံစမ်းစစ်ဆေးအရေးယူလိုက်တာပါ။
ဒီအမှုကိစ္စ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဒုတိယရဲမှူး သိန်းဆွေမြင့်ဟာ ၂၀၁၈ ခုနှစ် မတ်လ ၅ ရက်နေ့က ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၅-က အမှုမှ တရားခံရဲ့ သမီး ဖြစ်သူထံမှ ငွေကျပ် ၁၀ သိန်းကို တရားသူကြီးအား ပေးရန်ဟုဆိုကာ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်။
ဒါကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှာ မေလ ၂၅ ရက်မှာ ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါ။
Ref ; DVB
<zawgyi>

0 comments:

Post a Comment