Tuesday, May 26, 2020

ဘရာဇီးနိုင်ငံ မာနပ်စ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သေဆုံးသူ မြင့်မားနေပြီး သင်္ချိုင်းကုန်းမှာ အလောင်းတွေ ပြည့်နှက်

ဘရာဇီးနိုင်ငံ မာနပ်စ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့သေဆုံးသူတွေ ဆက်လက်မြင့်မားနေတယ်လို့ သိရပါ တယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူသေမှုနှုန်း မြန်မြန်ဆန်ဆန် မြင့်မားလာတဲ့အတွက် အလောင်း တွေကို မြှုပ်နှံတဲ့ သင်္ချိုင်းကုန်းမှာ အခုလို ပြည့်နှက်နေတာဖြစ်ပါတယ်။
ကူးစက်မှုကြောင့်သေဆုံးတာဟာ ဘရာဇီးနိုင်ငံမှာ မာနပ်စ်မြို့က အဆိုးဆုံးဖြစ်နေပြီး၊ အခုလ(၂၃)ရက်က တစ်ရက်တည်းနဲ့ (၅၁)လောင်း မီးသင်္ဂြိုလ်ခဲ့ရတယ်လို့ သိရ ပါတယ်။ ဒါ့ပြင် သေဆုံးသူ (၁၁၈၂)ယောက်ရှိခဲ့ပြီး၊ ကူးစက်လူနာ(၃၉၁၅၅)ယောက် ရှိတယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
ဘရာဇီးသမ္မတအနေနဲ့လည်း သေဆုံးမှုအရေအတွက်ကို တွက်ချက်ဖို့ တာဝန်ယူ ထားတယ်လို့ မာနပ်စမြို့တော်ဝန်က ပြောပါတယ်။ ကိုရိုဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းမြင့် မားလာတဲ့အတွက် ဘရာဇီးနိုင်ငံဟာ ကမ္ဘာမှာ အမေရိကန်နိုင်ငံပြီးရင် ဒုတိယ အဆိုးဆုံးနိုင်ငံ ဖြစ်လာနေပါတယ်။ ကူးစက်မှုကို တားမြစ်ဖို့အတွက် ဘရာဇီးနိုင်ငံကနေ ဝင်လာတဲ့ခရီးသည်တွေကို အမေရိကန်နိုင်ငံထဲ ဝင်ခွင့်ပိတ်ပင်တဲ့ကန့်သတ်ချက်ကို အမေရိကန် သမ္မတ ထရမ့်က မနေ့က ကြေညာခဲ့ပါတယ်။
Ref-One News Myanmar #Myanmar_Online_News

0 comments:

Post a Comment