Tuesday, May 26, 2020

ကွတ်ခိုင်-မူဆယ်ပြည်ထောင်စုလမ်းမတွင် ပျောက်ဆုံးနေသော ကုန်တင်ယာဉ်မောင်းများအား တပ်မတော်နဲ့ တာဝန်ရှိသူတွေက ပြန်လည်ခေါ်ဆောင်နိုင်ခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ ဟန်ကိုင်ကျေးရွာအနီး(မူဆယ်-ကွတ်ခိုင်ပြည်ထောင်စုလမ်းမပေါ်မှာ ပျောက်ဆုံးသွားတဲ့ ယာဉ်မောင်းတွေကို နယ်မြေခံတပ်မတော်စစ်ကြောင်းတွေနဲ့ တာဝန်ရှိသူတွေက လိုက်လံစုံစမ်းပြီး ပြန်လည်ခေါ်ဆောင်ခဲ့နိုင်ခဲ့တာလို့ သိရပါတယ်။
မေ(၂၅)ရက် ညနေ ၅နာရီခွဲ ဝန်းကျင်မှာ ၁၂ဘီးကုန်တင်ယာဉ်(၇)စီးနဲ့ ၂၂ဘီး ကုန်တင်ယာဉ်(၁)စီး ရပ်တန့်နေပြီး ယာဉ်မောင်းတွေ ပျောက်ဆုံးနေတာပါ။
ယာဥ်မောင်း‌တွေကို ခေါ်ဆောင်သွားတဲ့သူတွေဟာ ဘယ်သူဘယ်မှန်းမသိရဘူးလို့ ခိုမုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှဆိုင်းက ဆိုပါတယ်။
“ညနေတုန်းက ဟန်ကိုင်ရွာအနီးမှာ ကားတွေ ယာဉ်မောင်းမရှိဘဲ ရပ်တန့်နေတယ်ဆိုပြီး ထူးခြားတာရှိလို့ သွားကြည့်တော့ ကားဆရာနဲ့ တခြားဘယ်သူမှ မရှိတာ တွေ့ခဲ့ရပါတယ်၊ နောက်တော့ တပ်မတော်စစ်ကြောင်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ လိုက်စုံစမ်းပြီး ပြန်လည်ခေါ်လာခဲ့တယ်၊ ဘယ်သူဘယ်ဝါခေါ်သွားတယ်ဆိုတာ‌တော့ မသိရဘူး”လို့ ဦးလှဆိုင်းက ပြောပြပါတယ်။
ခေါ်ဆောင်သွားခြင်းခံရတဲ့ ယာဉ်မောင်းတွေဟာ မူဆယ်မြို့ကနေ မန္တလေးဘက်ကို ဦးတည်မောင်းနှင်‌နေတဲ့ ယာဉ်မောင်းဖြစ်ပြီး အခုလက်ရှိမှာတော့ ပြန်လည်မောင်းနှင်သွားပြီလို့ သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<
ကွတ်ခိုင်-မူဆယ်ပြည်ထောင်စုလမ်းမတွင် ပျောက်ဆုံးနေသော ကုန်တင်ယာဉ်မောင်းများအား တပ်မတော်နဲ့ တာဝန်ရှိသူတွေက ပြန်လည်ခေါ်ဆောင်နိုင်ခဲ့
Tuesday, May 26, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ ဟန်ကိုင်ကျေးရွာအနီး(မူဆယ်-ကွတ်ခိုင်ပြည်ထောင်စုလမ်းမပေါ်မှာ ပျောက်ဆုံးသွားတဲ့ ယာဉ်မောင်းတွေကို နယ်မြေခံတပ်မတော်စစ်ကြောင်းတွေနဲ့ တာဝန်ရှိသူတွေက လိုက်လံစုံစမ်းပြီး ပြန်လည်ခေါ်ဆောင်ခဲ့နိုင်ခဲ့တာလို့ သိရပါတယ်။
မေ(၂၅)ရက် ညနေ ၅နာရီခွဲ ဝန်းကျင်မှာ ၁၂ဘီးကုန်တင်ယာဉ်(၇)စီးနဲ့ ၂၂ဘီး ကုန်တင်ယာဉ်(၁)စီး ရပ်တန့်နေပြီး ယာဉ်မောင်းတွေ ပျောက်ဆုံးနေတာပါ။
ယာဉ်မောင်း‌တွေကို ခေါ်ဆောင်သွားတဲ့သူတွေဟာ ဘယ်သူဘယ်မှန်းမသိရဘူးလို့ ခိုမုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှဆိုင်းက ဆိုပါတယ်။
“ညနေတုန်းက ဟန်ကိုင်ရွာအနီးမှာ ကားတွေ ယာဉ်မောင်းမရှိဘဲ ရပ်တန့်နေတယ်ဆိုပြီး ထူးခြားတာရှိလို့ သွားကြည့်တော့ ကားဆရာနဲ့ တခြားဘယ်သူမှ မရှိတာ တွေ့ခဲ့ရပါတယ်၊ နောက်တော့ တပ်မတော်စစ်ကြောင်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ လိုက်စုံစမ်းပြီး ပြန်လည်ခေါ်လာခဲ့တယ်၊ ဘယ်သူဘယ်ဝါခေါ်သွားတယ်ဆိုတာ‌တော့ မသိရဘူး”လို့ ဦးလှဆိုင်းက ပြောပြပါတယ်။
ခေါ်ဆောင်သွားခြင်းခံရတဲ့ ယာဉ်မောင်းတွေဟာ မူဆယ်မြို့ကနေ မန္တလေးဘက်ကို ဦးတည်မောင်းနှင်‌နေတဲ့ ယာဉ်မောင်းဖြစ်ပြီး အခုလက်ရှိမှာတော့ ပြန်လည်မောင်းနှင်သွားပြီလို့ သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News

0 comments:

Post a Comment