Friday, May 29, 2020

အမေရိကန်၏နိုင်ငံခြားရေးပေါ်လစီလှုပ်ရှားမှုသည် အန္တရာယ်ရှိကြောင်းရုရှားနိုင်ငံမှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့

ဝါရှင်တန်မှ စစ်ဘက်ဆိုင်ရာသဘောတူစာချုပ်တို့မှနှုတ်ထွက်ခြင်းနှင့် အီရန်နိုင်ငံအပေါ်ဖိအားပေးခြင်းသည် အမေရိကန်နိုင်ငံအနေဖြင့် မတွက်ဆနိုင်လောက်သောအန္တရာယ်ရှိသည့်အရာကိုဆောင်ရွက်နေခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံမှ မေလ၂၈ရက်နေ့တွင် ပြောကြားသွားခဲ့သည်။
အီရန်နိုင်ငံနှင့် နျူကလီးယားဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုထားသောကျန်ရှိနေသည့် နိုင်ငံများအား အရေးယူပိတ်ဆို့ထားသည်တို့ကို အဆုံးသတ်ပေးမည်ဖြစ်ကြောင်းဝါရှင်တန်မှ သတင်းထုတ်ပြန်ပြီးသည့်နောက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaမှ ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါစာချုပ်တွင် ကျန်ရှိနေသည့်နိုင်ငံတို့မှာ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီနှင့် ရုရှားနိုင်ငံတို့ပါဝင်သည်။
အမေရိကန်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူတို့မှ ၎င်းတို့အနေနှင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံအချင်းချင်းလေကြောင်းမှ စောင့်ကြည့်ခြင်းများအား နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်သွားနိုင်သော စာချုပ်ဖြစ်သည့် Open Sky Treaty သဘောတူစာချုပ်အတိုင်းလျှောက်လှမ်းတော့မည်မဟုတ်ကြောင်း ပြောကြားသွား ခဲ့သည်။
ယင်းကဲ့သို့သော ဝါရှင်တန်၏လုပ်ဆောင်ချက်တို့သည် တဖြည်းဖြည်းနှင့်မမျှော် မှန်းနိုင်အောင်ဆိုးရွာလာပြီဖြစ်ကြောင်း Zakharovaမှသတင်းထောက်များအား ပြောကြားသွားခဲ့သည်။ ၎င်းအပြင် အမေရိကန်အစိုးရ၏ ထိုကဲ့သို့သောအပြုအမူသည် နိုင်ငံတကာလုံခြုံရေးကို အနှောက်အယှက်ဖြစ်စေသည်ဟု Zakharovaမှ ဝါရှင်တန်၏ စွတ်စွဲပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံအနေနှင့် INF Missile Treaty သဘောတူစာချုပ်တည်မြဲရေးနှင့် ၂၀၂၁ခုနှစ်တွင် သက်တမ်းပြည့်မည့် ရုရှားနိုင်င်ငံနှင့်ချုပ်ဆိုထားသော New START လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်အပေါ် သက်တမ်းထပ်မံတိုးမြှင့်ရန်တို့အပေါ် ပျက်ကွက်မှုအား Zakharovaမှ ထပ်မံထောက်ပြသွားပါသည်။
၂၀၁၈ခုနှစ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ အီရန်နိုင်ငံအပေါ် နျူကလီး ယားနှင့်ပတ်သတ်သော လုပ်ငန်းများထိန်းချုပ်မှုနှင့် ပိတ်ဆို့အရေးယူရေးတို့အပေါ် သဘောတူလက်မှတ်ရေးထိုးထားသည့် စာချုပ်မှ နှုတ်ထွက်ခဲ့သည်။
အီရန်နိုင်ငံနှင့်ပတ်သက်၍ ပိတ်ဆို့အရေးယူမှုပြုလုပ်ထားခြင်းခံရသော နိုင်ငံတို့ကို လွတ်ငြိမ်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်အစိုးရမှ မေလ ၂၇ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံသည်ရုရှားနိုင်ငံနှင့်သဘောတူညီခဲ့သော Open Sky Treaty စာချုပ်မှ နှုတ်ထွက်ရန်ပြင်ဆင်နေကြောင်း ဒေါ်နယ်ထရန့်မှ လွန်ခဲ့သော ရက်သတ္တပတ်တွင် ကြေညာခဲ့ပါသည်။
source-The Moscow Times #Myanmar_Online_News
>>zawgyi<<
အမေရိကန်၏နိုင်ငံခြားရေးပေါ်လစီလှုပ်ရှားမှုသည် အန္တရာယ်ရှိကြောင်းရုရှားနိုင်ငံမှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့
Friday, May 29, 2020
ဝါရှင်တန်မှ စစ်ဘက်ဆိုင်ရာသဘောတူစာချုပ်တို့မှနှုတ်ထွက်ခြင်းနှင့် အီရန်နိုင်ငံ အပေါ်ဖိအားပေးခြင်းသည် အမေရိကန်နိုင်ငံအနေဖြင့် မတွက်ဆနိုင်လောက်သောအန္တရာယ်ရှိသည့်အရာကိုဆောင်ရွက်နေခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံမှ မေလ၂၈ရက်နေ့တွင် ပြောကြားသွားခဲ့သည်။
အီရန်နိုင်ငံနှင့် နျူကလီးယားဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုထားသောကျန်ရှိနေသည့် နိုင်ငံများအား အရေးယူပိတ်ဆို့ထားသည်တို့ကို အဆုံးသတ်ပေးမည်ဖြစ်ကြောင်းဝါရှင်တန်မှ သတင်းထုတ်ပြန်ပြီးသည့်နောက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaမှ ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါစာချုပ်တွင် ကျန်ရှိနေသည့်နိုင်ငံတို့မှာ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီနှင့် ရုရှားနိုင်ငံတို့ပါဝင်သည်။
အမေရိကန်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူတို့မှ ၎င်းတို့အနေနှင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံအချင်းချင်းလေကြောင်းမှ စောင့်ကြည့်ခြင်းများအား နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်သွားနိုင်သော စာချုပ်ဖြစ်သည့် Open Sky Treaty သဘောတူစာချုပ်အတိုင်းလျှောက်လှမ်းတော့မည်မဟုတ်ကြောင်း ပြောကြားသွား ခဲ့သည်။
ယင်းကဲ့သို့သော ဝါရှင်တန်၏လုပ်ဆောင်ချက်တို့သည် တဖြည်းဖြည်းနှင့်မမျှော် မှန်းနိုင်အောင်ဆိုးရွာလာပြီဖြစ်ကြောင်း Zakharovaမှသတင်းထောက်များအား ပြောကြားသွားခဲ့သည်။ ၎င်းအပြင် အမေရိကန်အစိုးရ၏ ထိုကဲ့သို့သောအပြုအမူသည် နိုင်ငံတကာလုံခြုံရေးကို အနှောက်အယှက်ဖြစ်စေသည်ဟု Zakharovaမှ ဝါရှင်တန်၏ စွတ်စွဲပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံအနေနှင့် INF Missile Treaty သဘောတူစာချုပ်တည်မြဲရေးနှင့် ၂၀၂၁ခုနှစ်တွင် သက်တမ်းပြည့်မည့် ရုရှားနိုင်င်ငံနှင့်ချုပ်ဆိုထားသော New START လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်အပေါ် သက်တမ်းထပ်မံတိုးမြှင့်ရန်တို့အပေါ် ပျက်ကွက်မှုအား Zakharovaမှ ထပ်မံထောက်ပြသွားပါသည်။
၂၀၁၈ခုနှစ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ အီရန်နိုင်ငံအပေါ် နျူကလီး ယားနှင့်ပတ်သတ်သော လုပ်ငန်းများထိန်းချုပ်မှုနှင့် ပိတ်ဆို့အရေးယူရေးတို့အပေါ် သဘောတူလက်မှတ်ရေးထိုးထားသည့် စာချုပ်မှ နှုတ်ထွက်ခဲ့သည်။
အီရန်နိုင်ငံနှင့်ပတ်သက်၍ ပိတ်ဆို့အရေးယူမှုပြုလုပ်ထားခြင်းခံရသော နိုင်ငံတို့ကို လွတ်ငြိမ်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်အစိုးရမှ မေလ ၂၇ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံသည်ရုရှားနိုင်ငံနှင့်သဘောတူညီခဲ့သော Open Sky Treaty စာချုပ်မှ နှုတ်ထွက်ရန်ပြင်ဆင်နေကြောင်း ဒေါ်နယ်ထရန့်မှ လွန်ခဲ့သော ရက်သတ္တပတ်တွင် ကြေညာခဲ့ပါသည်။
source-The Moscow Times #Myanmar_Online_News

0 comments:

Post a Comment