Tuesday, May 26, 2020

(ICJ) သို့ မြန်မာနိုင်ငံမှ အစီရင်ခံစာ တင်သွင်းမှုသည့် အပြုသဘောဆောင်သည့် ဖြစ်ထွန်းမှုတစ်ရပ်ဟု ဂမ်ဘီယာ တရားရေးဝန်ကြီး ဆို

မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ တင်သွင်းသည့် အစီရင်ခံစာအား တရားရုံးမှ တဆင့် လက်ခံရရှိထားပြီး၊ မြန်မာ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် နိုင်ငံအဖြစ် ပြသရာ ရောက်သည့်အပြင် အပြုသဘောဆောင်သည့် ဖြစ်ထွန်းမှုတစ်ရပ် ဖြစ်ကြောင်း ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘာကာ တမ်မာဒူက ပြောဆိုသည်။
မြန်မာနိုင်ငံမှ အစီရင်ခံစာ တင်သွင်းမှုနှင့်ပတ်သက်ပြီး ဂမ်ဘီယာ ဝန်ကြီးအား ဘီဘီစီမြန်မာပိုင််းမှ သီးသန့် မေးမြန်းရာတွင် ယင်းသို့ ထည့်သွင်းပြောကြားထားခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး၏ ကြားဖြတ်စီမံ ဆောင်ရွက်ချက်အမိန့်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ မေ ၂၂ ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း သိရှိရသည်။
ယခု အစီရင်ခံစာသည် ပထမဆုံး တင်သွင်းသည့် အစီရင်ခံစာဖြစ်ပြီး လာမည့် (၆) လတိုင်းတွင် ထပ်မံတင်သွင်းရမည် ဖြစ်ကာ ယင်းမှာ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာ၏ စွပ်စွဲချက်များ မှားယွင်းကြောင်း သက်သေပြနိုင်သည့် အခွင့်အလမ်း တစ်ရပ်ဟု ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောဆိုသည်။
ဂမ်ဘီယာနိုင်ငံ အနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ အဆိုလွှာတင်သွင်းရမည် ဖြစ်သော်လည်း ကိုဗစ်-၁၉ ကြောင့် အရေးပေါ် အခြေအနေ ကြေညာထားသဖြင့် သတ်မှတ်ရက်တွင် တင်သွင်းနိုင်ခြင်းမရှိဘဲ တင်သွင်းရက်အား နောက်သို့ (၃) လ ဆုတ်ပေးရန် တရားရုံးသို့ မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။
crd-Peacock News #Myanmar_Online_News
>>zawgyi<<
(ICJ) သို့ မြန်မာနိုင်ငံမှ အစီရင်ခံစာ တင်သွင်းမှုသည့် အပြုသဘောဆောင်သည့် ဖြစ်ထွန်းမှု တစ်ရပ်ဟု ဂမ်ဘီယာ တရားရေးဝန်ကြီး ဆို
Tuesday, May 26, 2020
မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ တင်သွင်းသည့် အစီရင်ခံစာအား တရားရုံးမှ တဆင့် လက်ခံရရှိထားပြီး၊ မြန်မာ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် နိုင်ငံအဖြစ် ပြသရာ ရောက်သည့်အပြင် အပြုသဘောဆောင်သည့် ဖြစ်ထွန်းမှု တစ်ရပ် ဖြစ်ကြောင်း ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘာကာ တမ်မာဒူက ပြောဆိုသည်။
မြန်မာနိုင်ငံမှ အစီရင်ခံစာ တင်သွင်းမှုနှင့် ပတ်သက်ပြီး ဂမ်ဘီယာ ဝန်ကြီးအား ဘီဘီစီမြန်မာပိုင်းမှ သီးသန့် မေးမြန်းရာတွင် ယင်းသို့ ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး၏ ကြားဖြတ်စီမံ ဆောင်ရွက်ချက်အမိန့်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ မေ ၂၂ ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း သိရှိရသည်။
ယခု အစီရင်ခံစာသည် ပထမဆုံး တင်သွင်းသည့် အစီရင်ခံစာ ဖြစ်ပြီး လာမည့် (၆) လတိုင်းတွင် ထပ်မံ တင်သွင်းရမည် ဖြစ်ကာ ယင်းမှာ မြန်မာနိုင်ငံ အနေဖြင့် ဂမ်ဘီယာ၏ စွပ်စွဲချက်များ မှားယွင်းကြောင်း သက်သေပြနိုင်သည့် အခွင့်အလမ်း တစ်ရပ်ဟု ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောဆိုသည်။
ဂမ်ဘီယာနိုင်ငံ အနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ အဆိုလွှာ တင်သွင်းရမည် ဖြစ်သော်လည်း ကိုဗစ်-၁၉ ကြောင့် အရေးပေါ် အခြေအနေ ကြေညာထားသဖြင့် သတ်မှတ်ရက်တွင် တင်သွင်းနိုင်ခြင်း မရှိဘဲ တင်သွင်းရက်အား နောက်သို့ (၃) လ ဆုတ်ပေးရန် တရားရုံးသို့ မေတ္တာရပ်ခံ ထားကြောင်း သိရှိရသည်။
crd-Peacock News #Myanmar_Online_News

0 comments:

Post a Comment