လာအိုနိုင်ငံမှ COVID-19 ကူးစက်ခံရသူလူနာတစ်ဦး ရောဂါမှ လုံးဝသက်သာပျောက်ကင်းသွားသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးနောက် ၁၄ ရက် အိမ်တွင် ကန့်သတ်နေထိုင်မှုပြုပြီး ထပ်မံစစ်ဆေးရာ ယင်းထံတွင် COVID-19 ရှိနေကြောင်း တွေ့ရှိရသည်ဟု လာအို ဒုတိယ ကျန်းမာရေးဝန်ကြီးက စနေနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါ လူနာမှာ အသက် ၂၀ အရွယ်ရှိ ကျောင်းသားတစ်ဦးဖြစ်ပြီး ဗြိတိန်မှပြန်လာသူဖြစ်ကာ လာအိုနိုင်ငံ၏ COVID-19 အတည်ပြုလူနာ ၁၄ အဖြစ် ဧပြီလ ၇ ရက်နေ့က ကြေညာခဲ့ပြီး၊ ဧပြီလ ၁၆ ရက်နေ့တွင် Mittaphab ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
စနေနေ့အထိ လာအိုနိုင်ငံတွင် လူပေါင်း ၂၁၆၅ဦးကို COVID-19 စစ်ဆေးပြီးဖြစ်ကာ အတည်ပြုလူနာ စုစုပေါင်း ၁၉ ဦးတွေ့ရှိထားပြီး၊ ၉ ဦးမှာ သက်သာပျောက်ကင်းခဲ့ပြီဖြစ်သည်။ ကျန် လူနာ ၁၀ ဦးမှာမူ ဗီယန်ကျန်းမြို့ရှိ ခုတင် ၁၅ဝဆန့် Mittaphab ဆေးရုံတွင် ဆက်လက်ကုသပေးနေလျှက်ရှိသည်။
လာအိုနိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာ ၂ ဦးကို မတ်လ ၂၄ ရက်နေ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
>>zawgyi<<
လာအိုနိုင်ငံတွင် ဆေးရုံဆင်းပြီး COVID-19 လူနာတစ်ဦးတွင် ရောဂါပိုး ပြန်လည်တွေ့ရှိ
Sunday, May 3, 2020
လာအိုနိုင်ငံမှ COVID-19 ကူးစက်ခံရသူလူနာတစ်ဦး ရောဂါမှ လုံးဝသက်သာပျောက်ကင်းသွားသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးနောက် ၁၄ ရက် အိမ်တွင် ကန့်သတ်နေထိုင်မှုပြုပြီး ထပ်မံစစ်ဆေးရာ ယင်းထံတွင် COVID-19 ရှိနေကြောင်း တွေ့ရှိရသည်ဟု လာအို ဒုတိယ ကျန်းမာရေးဝန်ကြီးက စနေနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါ လူနာမှာ အသက် ၂၀ အရွယ်ရှိ ကျောင်းသားတစ်ဦးဖြစ်ပြီး ဗြိတိန်မှပြန်လာသူဖြစ်ကာ လာအိုနိုင်ငံ၏ COVID-19 အတည်ပြုလူနာ ၁၄ အဖြစ် ဧပြီလ ၇ ရက်နေ့က ကြေညာခဲ့ပြီး၊ ဧပြီလ ၁၆ ရက်နေ့တွင် Mittaphab ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
စနေနေ့အထိ လာအိုနိုင်ငံတွင် လူပေါင်း ၂၁၆၅ဦးကို COVID-19 စစ်ဆေးပြီးဖြစ်ကာ အတည်ပြုလူနာ စုစုပေါင်း ၁၉ ဦးတွေ့ရှိထားပြီး၊ ၉ ဦးမှာ သက်သာပျောက်ကင်းခဲ့ပြီဖြစ်သည်။ ကျန် လူနာ ၁၀ ဦးမှာမူ ဗီယန်ကျန်းမြို့ရှိ ခုတင် ၁၅ဝဆန့် Mittaphab ဆေးရုံတွင် ဆက်လက်ကုသပေးနေလျှက်ရှိသည်။
လာအိုနိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာ ၂ ဦးကို မတ်လ ၂၄ ရက်နေ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Source: Xinhua crd-Popular News Journal #Myanmar_Online_News
0 comments:
Post a Comment