Tuesday, June 19, 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ၊ တတိယအစည်းအဝေး အကြိုပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ ဆွေးနွေးပွဲကျင်းပ


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ၊ တတိယအစည်းအဝေး အကြိုပြင်ဆင်ရေးအတွက်အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီအတွင်း ရေးမှူးများဖြစ်ကြသည့် ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ ဦးအောင်စိုးနှင့် ပူးတွဲကော်မတီဝင်များ၊ အစိုးရ ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲတို့မှ ကိုယ်စားလှယ်များ၊အစိုးရ အစုအဖွဲ့မှ ပါဝင်သင့်ပါဝင်ထိုက် သူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်အကျိုးဆောင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီအတွင်း ရေးမှူး ဦးခင်ဇော်ဦးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယ အကြိမ် အစည်းအဝေးကို ဇူလိုင် ဒုတိယအပတ်တွင် ကျင်းပရန်လျာထားပါကြောင်း၊ ကဏ္ဍအသီးသီးတွင် ဒုတိယအကြိမ် အစည်းအဝေးတွင် စုစည်းထားသည့် လက်ကျန် စုစည်းချက်များ ကျန်နေပါကြောင်း၊ နိုင်ငံရေးလုပ်ငန်းကော်မတီတွင် ဆွေးနွေးချက် ၁၉ ချက်ကျန်နေပါ ကြောင်း၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာကဏ္ဍတို့မှ အချက်များများ ရရှိပါကြောင်း။ လုပ်ငန်းကော်မတီအသီးသီးတွင် ဆွေးနွေးရန် လက်ကျန်များရှိပါကြောင်း၊ မွန်ပြည်သစ်ပါတီ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နှင့် CSO ဖိုရမ် တင်ပြချက်များ အသစ်တိုးလာနိုင်ဖွယ် ရှိပါကြောင်း၊ လက်ကျန်ဆွေးနွေးချက် များနှင့် အသစ်တိုးလာမည့် တင်ပြချက်များကို စုစည်းလိုက်ပါက တိယအကြိမ် ညီလာ ခံတွင် ကောင်းမွန် ပြည့်စုံစွာ ဆောင်ရွက်နိုင်မည့် အနေအထားရှိပါကြောင်း။ တတိယအကြိမ် ညီလာခံတွင် ဖက်ဒရယ်နှင့် ပတ်သက်ပြီး နိုင်ငံရေးကဏ္ဍ အနေဖြင့် ဖက်ဒရယ်ကိုထင်ဟပ်နိုင်သည့် ခေါင်းစဉ် အနေအထားမျိုး အနည်းငယ်အား နည်းနေပါကြောင်း၊
စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာကဏ္ဍများတွင် ဖက်ဒရယ် မူကို မီးမောင်းထိုးပြနိုင်သည့် ခေါင်းစဉ်မျိုးဆွေးနွေးနိုင်မည်ဆိုပါက တတိယအကြိမ် ညီလာခံရလာဒ်တွင် အလွန်တန်ဖိုးရှိသည်များ ထွက်လာပေါ်မည်ဟု ယူဆပါကြောင်း၊ လုံခြုံရေးကဏ္ဍတွင် ဖက်ဒရယ်၏ ပုံသဏ္ဍာန်ကို ထင်ဟပ်စေမည့် အချက်မျိုး အားနည်းနေ ဆဲဖြစ်နိုင်ပါကြောင်း၊ သို့ဖြစ်၍ အထူးတင်ပြလိုသည်မှာ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာကဏ္ဍတို့တွင် ဖက်ဒရယ်၏ ပုံသဏ္ဍာန် ပေါ်လာနိုင်မည့် ခေါင်းစဉ်လေးများကို အထူးပြုပြီး စုစည်းဆွေးနွေးပေးစေလိုပါကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ NCA ၊ မူဘောင်၊ ToRနှင့် SOP စာတမ်းများနှင့် စပ်လျဉ်း၌ ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်း ရေးမှူး ဦးဇော်ဌေး က အစီအစဉ်များ၊ ဆွေးနွေးမည့်ပုံစံများနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ် နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကဏ္ဍအလိုက်ဆွေးနွေးပွဲများကို အဆိုပါဗဟိုဌာန သတ်မှတ်နေရာ အသီးသီးတွင်ကျင်းပရာ နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီအတွင်းရေးမှူး ဦးခင်ဇော်ဦးကလည်းကောင်း၊ စီးပွားရေး ကဏ္ဍ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်း ရေးမှူး ဦးလှမောင်ရွှေက လည်းကောင်း၊ လူမှုရေးကဏ္ဍ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေးကလည်းကောင်း၊ လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီဝင် ဗိုလ်မှူးချုပ် စိန်ထွန်းလှက လည်းကောင်း၊ မြေယာ/ သဘာဝပတ်ဝန်း ကျင်ကဏ္ဍ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးအောင်စိုးကလည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး အစိုးရ ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်များ၊ အစိုးရအစုအဖွဲ့မှ ပါဝင်သင့်ပါဝင် ထိုက်သူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်အကျိုးဆောင်များ တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲများတွင် ယခင်စုစည်းချက်များ၊ ယခင်သဘောတူညီချက်များနှင့် မူဝါဒအဆိုပြုချက်များကို ဆွေးနွေးကြသည်။ နိုင်ငံရေးကဏ္ဍ ၊ လူမှုရေးကဏ္ဍ ၊ စီးပွားရေးကဏ္ဍ လုံခြုံရေးကဏ္ဍနှင့် မြေယာ/ သဘာဝပတ်ဝန်းကျင် ကဏ္ဍ ဆွေးနွေးပွဲများကို ဇွန် ၂၁ရက်အထိ ပြုလုပ်သွားမည် ဖြစ်သည်။





Refး State Counsellor Office 
The Ladies News

0 comments:

Post a Comment