Friday, June 22, 2018

စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆု ( Stockholm World peace prize -2018) အား IBEC ဆရာတော်ရရှိ


ဥရောပတိုက် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တော်ခန်းမ၌ ဇွန်လ ၃၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂနှင့်Universal Peace Federation တို့မှကျင်းပမည့်World Peace Conference ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံတွင် World Peace Prize ကမ္ဘာ့ငြိမ်းချမ်းရေးဆုကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး IBEC အပြည်ပြည်ဆိုင်ရာ ဗုန္ဓဘာသာပညာရေးစင်တာကျောင်းတိုက် ပဓာန နာယကဆရာတော် ဦးသောဘိတက ရရှိခဲ့သည်။ 

United Nation & Universal peace Federation တို့ပူးပေါင်းကျင်းပသည့် World Peace Conference -ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ-စတော့ဟုမ်း၊Awarding World Peace prize -2018 စတော့ဟုမ်း ငြိမ်းချမ်းရေးဆုကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် (၁၂)ဦးသာ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

"UN, EU, UK တို့ကမြန်မာနိုင်ငံအပေါ် နှိပ်ကွပ်နေချိန် ဗုဒ္ဓဘာသာအပေါ် အထင်လွဲနေချိန်မှာ မြန်မာပြည်ကိုယ်စား ကမ္ဘာ့ငြိမ်းချမ်းရေးဆုဆိုတော့ ဂုဏ်ယူရမယ်လေ အီးယူဆိုတာဥရောပသမဂ္ဂနိုင်ငံ ဒီလိုနိုင်ငံတွေက ကမ္ဘာကြီးကိုယ်စား ကမ္ဘာ့ငြိမ်းချမ်းရေးဆုဆိုတာရဖို့ခက်တယ် ခေတ်တစ်ခေတ်မှာ ဒေါ်စုလိုပေါ့ ဆွီဒင်ဆိုတာ ထိပ်တန်းစာရင်းဝင်နိုင်ငံတွေပေါ့" ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။ 

United Nation & Universal Peace Federationတွင် ကုလသမဂ္ဂစာရင်းဝင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (၁၅)ဖွဲ့ ပါဝင်ပြီး အာရှနိုင်ငံများထဲမှ မြန်မာ၊ထိုင်း၊နီပေါနှင့် အိန္ဒိယတို့မှ (၄)ဦးရရှိကြောင်း သိရသည်။

IBEC ဆရာတော်သည် ၂၀၁၇ စက်တင်ဘာ ၁၇ ရက်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် InterContinental Seoul Hotel ၌ နိုင်ငံပေါင်း (၁၆၈) နိုင်ငံမှ ဘာသာရေးခေါင်းဆောင်တွေ

စုပေါင်းကျင်းပသည့် ဆိုးလ်မြို့တော်၏ တတိယအကြိမ် ကမ္ဘာ့ဘာသာပေါင်းစုံငြိမ်းချမ်းရေးညီလာခံ ( World Alliance of Religions Peace summit )တွင် မြန်မာနိုင်ငံကကမ္ဘာ့ဘာသာပေါင်းစုံ၏ ငြိမ်းချမ်းရေးသံတမန်အဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

Mizzima - News in Burmese

0 comments:

Post a Comment