Monday, June 25, 2018

လူ ၄၀ ပါဝင်သည့် မြန်မာအလုပ်သမား ခိုးဝင်အဖွဲ့ ကို ထိုင်း အမှတ် ၂၅ ခြေလျှင်တပ်ရင်းမှ ဖမ်းဆီး


ထိုင်းနိုင်ငံရနောင်းနယ်စပ်မှတစ်ဆင့်ချန်ပွန်ပြည်နယ်အတွင်းသို့ ခိုးဝင်ရန်ကြိုးစားခဲ့ပြီး မလေးရှားသို့ ဆက်လက်သွားရောက်မည့် အလုပ်သမား ၄၀ ဦးပါဝင်သည့် မြန်မာလူမှောင်ခိုအဖွဲ့ ကို ထိုင်းတပ်မတော်၏ အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ ကြားဖြတ်ဖမ်းဆီးလိုက်သည်။

ချန်ပွန်ပြည်နယ်အတွင်းသို့ ဦးတည်နေသည့်လမ်းမပေါ်တွင်မသင်္ကာဖွယ်ဟိုင်းလက်စ်ပစ်ကပ်ကား ၃ စီးကို ရွာသားများက သတိပြုမိကာတိုင်ကြားခဲ့ပြီးနောက် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ ဝင်များက ပစ်ကပ်ကား ၃ စီးပေါ်တွင် လိုက်ပါလာသည့် ရွေ့ ပြောင်း မြန်မာအလုပ်သမားများကို ယနေ့ ( ဇွန် ၂၅ ၊ တနင်္လာ) က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

မြန်မာလူမှောင်ခို ခိုးဝင်အလုပ်သမားများတွင် ခိုင်လုံသည့် အထောက်အထားမပါရှိခဲ့ဘဲ အဆိုပါအဖွဲ့ တွင် အမျိုးသမီး ၆ ဦးအပါအ၀င် စုစုပေါင်း ၄၀ ဦး ပါဝင်ခဲ့ကာ ၄င်းတို့ ကို ကားများဖြင့်ခေါ်ဆောင်လာခဲ့သည့် 
ယာဉ်မောင်း ၃ ဦးကိုလည်း ထိုင်းစစ်တပ်က မြန်မာအလုပ်သမား မှောင်ခို ခိုးဝင်အဖွဲ့ နှင့်အတူ ဖမ်းဆီးလိုက်သည်။

ယာဉ်မောင်း ၃ ဦးတွင် တစ်ဦးမှာထိုင်းလူမျိုးဖြစ်ပြီး ကျန် ၂ ဦးမှာ မြန်မာလူမျိုးများဖြစ်ကာ ၄င်းတို့ ၏ ဖွင့်ဟအစစ်ခံချက်အရ မြန်မာနိုင်ငံနယ်စပ် ကော့သောင်းမြို့ မှ ရနောင်း၊ထိုမှတစ်ဆင့် ချန်ပွန်မြို့ သို့ ပို့ ဆောင်ပေးရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာအလုပ်သမားများထံမှ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀၀၀ စီရရှိခဲ့ကြောင်း၊ ချန်ပွန်မြို့ တွင် စောင့်ဆိုင်းနေသည့်အခြားအဖွဲ့ ထံသို့  ယခုမြန်မာအလုပ်သမား၄၀ ဦးအဖွဲ့ ကို 
လွဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့ က မလေးရှားသို့ ဆက်လက်ပို့ ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်မောင်း ၃ ဦးကို စုံစမ်းစစ်ဆေးမှု့ များထပ်မံပြုလုပ်နိုင်ရန်အတွက် ရနောင်းလူဝင်မှု့ ကြီးကြပ်ရေးရုံးသို့  ထိုင်းစစ်တပ်က လွဲပြောင်းပေးခဲ့ကြောင်း သိရသည်။





Refး The Nation
The Ladies News

0 comments:

Post a Comment