Friday, June 22, 2018

၂၁ ရာစုပင်လုံသို့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အားလုံးဖိတ်ရန် မသေချာဟု ဦးဇော်ဌေး ပြော

ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ တတိယ အစည်းအဝေးသို့မြောက် ပိုင်းလက်နက်ကိုင်အဖွဲ့အားလုံး ကို ဖိတ်ကြားရန်မသေချာကြောင်း  အစိုးရကိုယ်စားလှယ်ဦးဇော်ဌေး ကပြောသည်။

ကချင်အဖွဲ့(KIA)၊‘၀’ အဖွဲ့ (UWSA)၊ ရှမ်းအဖွဲ့ (SSPP)၊ မိုင်းလားအဖွဲ့(NDAA)၊ တအာင်း အဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့်ရခိုင်အဖွဲ့ (AA)  မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များသည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA) ကိုလက်မခံ ဆိုကာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ဟူ၍ စုဖွဲ့ထားသည်။

အဆိုပါ မြောက်ပိုင်းအဖွဲ့ များနှင့် ပတ်သက်ပြီး အစိုးရပိုင်း တွင် ပြန်လည်ဆွေးနွေးရမည်ဟု ဦးဇော်ဌေးကပြောသည်။ NCA  အရဆောင်ရွက်နေသည့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရ နှင့် တပ်မတော်အကြားညှိနှိုင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

‘‘နှစ်ဦးနှစ်ဖက်သဘောထား  တွေ ပြန်ညှိပြီးမှ ဖိတ်မှာဖြစ်ပါ တယ်။ မြောက်ပိုင်းအဖွဲ့တွေက  ဖိတ်မှာ။ သို့သော်အကုန်လုံးပါ၊ မပါဆိုတာပြန်ညှိရဦးမယ်။ အဲ ဒါနဲ့ ပတ်သက်လို့မူမကျသေးဘူး’’ ဟု  ဦးဇော်ဌေးကဆိုသည်။

NCA မထိုးရသေးသည့်  တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များကို ၂၁ ရာစုပင်လုံအစည်း  အဝေးသို့ ဖိတ်ကြားခြင်းနှင့် ပတ် သက်ပြီးလာမည့် ပြည်ထောင်စု  ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီတွင် ဆုံးဖြတ်မည်ဟု  အစိုးရကိုယ်စားလှယ် ဦးလှမောင် ရွှေက ပြောသည်။

 ‘‘အရင်တစ်ခေါက်တွေ လည်း ဖိတ်တဲ့အတွက် လက်မှတ် မထိုးသေးတဲ့ တိုင်းရင်းသားတွေ ကိုလည်း လေ့လာသူအဖြစ်ဖိတ် မယ်လို့ ကျွန်တော်မျှော်လင့်ပါ တယ်’’ ဟု ဦးလှမောင်ရွှေက  ပြောသည်။

UPDJC ဥက္ကဋ္ဌသည် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ဖြစ်ပြီး အစိုး  ရ၊ တပ်မတော်၊ လွှတ်တော်၊ NCA  လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံ ရေးပါတီ ကိုယ်စားလှယ်စုစု ပေါင်း ၄၈ ဦးဖြင့်ဖွဲ့စည်းထား သည်။

၂၁ ရာစုပင်လုံသို့ တက် ရောက်ရန် အစိုးရ၏တရားဝင် ဖိတ်ကြားလွှာလက်ခံရရှိပါက FPNCC အဖွဲ့ဝင်အားလုံးစုံစုံညီ ညီတက်ရောက်မည်ဟု မြောက် ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့က သ ဘောထားထုတ်ပြန်ထားသည်။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့သည် တရုတ်နိုင်ငံ၏ကြား

ဝင်ညှိနှိုင်းပေးမှုဖြင့် ၂၀၁၇ မေလ က ကျင်းပသည့် ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။ ယခု ၂၁ ရာစုပင်လုံ တတိယအစည်းအ ဝေးသို့ တက်ရောက်ရန်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စား လှယ်မစ္စတာဆွန်ကော်ရှန်းသည်  မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့  ခေါင်းဆောင်ကိုယ်စားလှယ်များ ကို မေလ ၁၈ရက်တွင် တရုတ် နိုင်ငံကူမင်းမြို့သို့ ခေါ်ယူတိုက် တွန်းထားသည်။

၂၀၁၅ အောက်တိုဘာတွင် ကျင်းပခဲ့သော NCA လက်မှတ် ရေးထိုးပွဲတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအ၀င်  တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ရှစ်ဖွဲ့ ပါဝင်လက်မှတ်ထိုးခဲ့ သည်။

ထို့နောက် ၂၀၁၈ ဖေဖော်ဝါရီတွင် မွန်နှင့်လားဟူအဖွဲ့ လက်မှတ်ရေးထိုးသည်။

NCA ရေးထိုးရန်ကျန်နေသည့်အဖွဲ့များသည် မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ နာဂလက်နက်ကိုင်အဖွဲ့ (NSCN - K) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC)တို့ဖြစ်သည်။

7Day

0 comments:

Post a Comment