Monday, June 25, 2018

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးဇွန်လ ၂၉ ရက်တွင် ကျင်းပမည် ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် မသေချာ


ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ - ၂၁ရာစုပင်လုံအ ပါအ၀င် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာတွင် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေး နွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဇွန်လ ၂၉ ရက်၌ ကျင်းပမည်ဖြစ်ကြောင်းအစိုးရ ကိုယ်စားလှယ် ဦးဇော်ဌေးက ပြောသည်။ 

UPDJC ဥက္ကဋ္ဌသည် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်ဖြစ်ပြီး အစိုး ရအစုအဖွဲ့၊နိုင်ငံရေးပါတီအစုအ ဖွဲ့နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ကိုယ်စားလှယ် ၄၈ ဦး ဖြင့်ဖွဲ့စည်းထားသည်။ သို့ရာတွင် လာမည့် (၁၅) ကြိမ်မြောက် UPDJC အစည်းအဝေးသို့ တက် ရောက်ခြင်းရှိ၊ မရှိ မသိရသေး ကြောင်း  ဦးဇော်ဌေးကဆိုသည်။ 

ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် နှင့် ၂၀၁၇ နိုဝင်ဘာ ၂၄ ရက်က ကျင်း ပသည့် (၁၃) ကြိမ်မြောက် အစည်းအဝေးများသို့ အစိုးရအစု အဖွဲ့ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် မတက်ရောက်ခဲ့ပေ။ ယင်းအစည်းအဝေး နှစ်ကြိမ်စလုံး တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဦးဆောင် တက်ရောက်ခဲ့သည်။ 

ဆွေးနွေးမှုပိုမိုအားကောင်း စေရန်လာမည့် အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း  စုကြည် တက်ရောက်စေလို ကြောင်း UPDJC တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ဒုဥက္ကဋ္ဌ  ဒေါက်တာဆလိုင်းလျန်မှုန်းဆာ ခေါင်းက တိုက်တွန်းသည်။ 

‘‘ဥက္ကဋ္ဌ တက်ရင်တော့ ပို ကောင်းတာပေါ့။ အခုအစည်းအ ဝေးက ညီလာခံကျင်းပခါနီးဆို တော့ ပိုအရေးကြီးတာပေါ့’’ ဟု ၎င်းကပြောသည်။ ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ် မှူးကြီးခွန်ဥက္ကာက ယခုကျင်းပ မည့် အစည်းအဝေးသည် အရေး ကြီး၍ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု ယူဆ ကြောင်း ပြောသည်။ 

လာမည့် UPDJC အစည်း အဝေးတွင် ၂၁ရာစုပင်လုံတတိယ အစည်းအဝေးကျင်းပမည့်ရက်  တရားဝင်သတ်မှတ်မည်ဟု အ စိုးရ ကိုယ်စားလှယ်ဦးလှမောင်ရွှေ ကပြောသည်။ တိုင်းရင်းသား လက်နက်ကိုင်များက ၂၁ရာစုပင်လုံကို ဇူလိုင် ၁၀ ရက်တွင် စတင် ကျင်းပရန်အဆိုပြုထားသည်။ 

ယင်းအစည်းအဝေး မတိုင် မီ  UPDJC  အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ဇွန်လ ၂၅ ရက် တွင်လည်းကောင်း၊ UPDJC လုပ်ငန်း ကော်မတီအစည်းအဝေး ကို ဇွန်လ ၂၆ မှ ၂၈ ရက်ထိလည်း ကောင်း ကျင်းပမည်ဖြစ်သည်။ 

‘‘အဲဒီမှာ ညီလာခံကို တင်ဖို့ ပေါ်လစီဖြစ်နိုင်ဖွယ်ရှိတဲ့ဟာတွေ ကိုအစိုးရ၊ တပ်မတော်၊ လွှတ် တော်၊ ပြီးရင်နိုင်ငံရေးပါတီ၊တိုင်းရင်းသားလက်နက်ကိုင်အားလုံး ညှိနှိုင်းပြီးတော့ ရွေးချယ်မယ်’’ ဟု ဦးလှမောင်ရွှေက UPDJC လုပ် ငန်း ကော်မတီအစည်းအဝေးများ တွင် ဆောင်ရွက်မည့်အခြေအ နေကိုရှင်းပြသည်။  

၂၁ရာစုပင်လုံတွင် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံ ရေး၊ မြေယာနှင့် သဘာဝပတ် ၀န်းကျင်ဆိုင်ရာမူဝါဒများဟူ၍ ကဏ္ဍငါးခု သတ်မှတ်ထားရာ ကဏ္ဍအလိုက်လုပ်ငန်းကော်မတီ ငါးခုဖွဲ့စည်းထားသည်။ 

လာမည့် ၂၁ရာစုပင်လုံတွင်  အဆိုပါ ကဏ္ဍငါးခုစလုံး၌ သဘောတူညီချက်များ ချမှတ်နိုင် ဖွယ်ရှိကြောင်း NCA လက်မှတ် ထိုးပအိုဝ်းအဖွဲ့ (PLNO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောသည်။ 

‘‘ဆွေးနွေးမှာကလည်းလွယ် ကူတဲ့ခေါင်းစဉ်တွေကို ရွေးချယ် ထားတာဆိုတော့ သဘောတူညီ ချက်တော့ရမယ်လို့ မျှော်လင့် ထားပါတယ်’’ ဟု ပြောသည်။

လာမည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံ ရေးကဏ္ဍ၌ ဒီမိုကရေစီစနစ်နှင့်  အခြေခံအခွင့်အရေး၊ တိုင်းရင်း သားလူနည်းစုများ၏ အခွင့်အ ရေးကိုကာကွယ်ပေးခြင်း၊ စီးပွား ရေးကဏ္ဍတွင် ဖက်ဒရယ်နှင့် ပတ်သက်သည့် သယံဇာတခွဲဝေ မှု၊ လူမှုရေးကဏ္ဍတွင် ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်နေရာ ချထားရေးနှင့်ဆိုင်သည့် အခြေခံ မှုများ၊ မြေယာနှင့် သဘာဝပတ် ၀န်းကျင်ဆိုင်ရာ မူဝါဒများ၊ မြေ ယာပိုင်ဆိုင်မှုနှင့် မြေယာခွဲဝေမှု ဆိုင်ရာများ ဆွေးနွေးရန်စီစဉ် ထားသည်။ ထို့အပြင်လုံခြုံရေး ကဏ္ဍနှင့် ပတ်သက်ပြီး သဘော တူညီချက်ရရှိရေး အစိုးရနှင့် အပစ်ရပ်အဖွဲ့များအကြား လေး ကြိမ်အလွတ်သဘော ညှိနှိုင်း ထားသည်။ 

7Day

0 comments:

Post a Comment