Tuesday, June 26, 2018

နစ်မြှပ်ခဲ့သည့် ခရီးသည်တင် သင်္ဘောရှာရန် အင်ဒိုနီးရှား နိုင်ငံတကာ အကူညီယူမည်


ပြီးခဲတဲ့ သီတင်းပတ်အတွင်းက Lake Toba ကန် အတွင်းနစ်မြှပ်ခဲ့တဲ့ခရီးသည်တင်သင်္ဘော အပျက်အစီးအပိုင်းစတွေကို ရှာနိုင်ဖို့ နိုင်ငံတကာ အကူညီလိုအပ်တယ်လို့ အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲက ပြောလိုက်ပါတယ်။
အဲဒီ ဖယ်ရီသင်္ဘာပေါ်မှာ ခရီးသည် ၂၀၀ ကျော်ပါဝင်ခဲ့ပြီး သင်္ဘောခံနိုင်စွမ်းရှိတဲ့ အရေအတွက် ထက် ၅ ဆ တင်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဖယ်ရီသင်္ဘောဟာ ရာသီဥတုဆိုးရွားမှုကြောင့် ဇွန်လ ၁၇ ရက်နေ့မှာ နစ်မြှပ်သွားခဲ့တာဖြစ်ပြီး သင်္ဘော ကပ္ပတိန်အပါဝင် လူ ၁၈ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး အေဂျင်စီက သင်္ဘောဟာ ရေအောက်အနက် ပေ ၁၆၀၇ လောက်မှာရှိနိုင်ကြောင်း ၊ သင်္ဘောအတွင်း ပိတ်မိနေသူတွေ ဟာ သေဆုံးဖွယ်ရှိနေကြောင်း ၊လက်ရှိမှာ ရုပ်အလောင်း အနည်းငယ်ကိုသာ ပြန်ရထားကြောင်း ပြောခဲ့ပါတယ်။

အင်တာဗျူး တစ်ခုမှာ Syaugi, က အင်ဒိုနီးရှားအနေနဲ့ သင်္ဘောအပျက်အစီးတွေ ရှာနိုင်ဖို့ နိုင်ငံတကာ အကူညီလိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားရေတပ်သင်္ဘောတွေနဲ့ ရေငုပ်သမားတွေဟာ နစ်မြှပ်ခဲ့တဲ့ သင်္ဘောကို ရှာဖွေမှုတွေလုပ်ခဲ့ပေမယ့် ရေငုပ်သမားတွေ ဟာ ရေအောက် အနက် ၁၆၄ ပေအထိသာ ငုပ်နိုင်ခဲ့ပြီး ရေအောက် ဟာ မှောင်နေတယ်လို့ ပြောခဲ့ပါတယ်။


သားဖိုးကောင်း (အကုန်သိတသတင်းဌာန)

0 comments:

Post a Comment