Tuesday, June 26, 2018

မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးလောင်စာ ပြောင်းလဲအသုံးပြုမည့်အပေါ် ဒေသခံများ စိုးရိမ်မှု မြင့်တက်


ကရင်ပြည်နယ် မြိုင်ကလေး၊ အမှတ်(၂ )တန် ၄၀၀၀ ဘိလပ်မြေစက်ရုံကို သဘာဝဓာတ်ငွေ့လောင်စာသုံးစွဲ နေ ရာမှ ကျောက်မီးသွေးလောင်စာ ပြောင်းလဲသုံးစွဲရန် ပြင်ဆင်ဆောင်ရွက်နေသည့်အပေါ် စက်ရုံအနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများက  စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

ယခင်လယ်ပတ်နေသော အမှတ် ၂ တန် ၄၀၀၀ ဘိလပ်မြေစက်ရုံလည်ပတ်မှုတွင် ယ ခင်အသုံးပြုနေသော သ ဘာဝဓာတ်ငွေ့လောင်စာမှ  ကျောက်မီးသွေးလောင်စာ ပြောင်းလဲသုံးစွဲလည်ပတ်ရန်အတွက် ၂၀၁၆ ခုနှစ်မှ စ တင်ပြီး အကြီးစားပြင်ဆင်နေမှုများ လုပ်ဆောင်နေရာတွင် ရာနုန်းပြည့် နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျောက်မီးသွေးနှင့် ဘိလပ်မြေ ကုန်တင်ကုန်ချပြုလုပ်ရန် ဆိပ်ခံနှင့် ဆိပ်ကမ်း တည်ဆောက်မှု ရာနုန်းပြည့် ပြီး စီးနေပြီ ဖြစ်သည့်အတွက်  စက်ရုံ စတင်လည်ပတ်ပါက ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများနှင့် ပတ်သက်ပြီး စက် ရုံ ဘက်မှ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဒေသခံများထံ ရှင်းလင်းချပြဆွေးနွေးမှုများ မရှိတဲ့အတွက် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများ  စိုးရိမ်ပူပန်မှုများ မြင့်တက်နေရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“ကျောက်မီးသွေး လောင်စာနဲ့ အခုလည်ပတ်တော့မှာ ဘယ်လိုလုပ်မလဲ။  ဘုန်းကြီးတို့က အရင်တည်းက ကျောက်မီးသွေးနဲ့ လုပ်တာကန့်ကွက်နေတာပဲ၊ မကြိုက်ဘူး။ အဲဒါကို တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲနဲ့ ကျောက် မီးသွေးပြောင်းသုံးပြီး လုပ်မယ်ဆိုရင် မကောင်းဘူးလေ။ ဆိုးကျိုးကများပြီး ကောင်းကျိုးကနည်းလို့ ရွာသား အ တွက်လည်း ကောင်းကျိုးမရှိသလို ပတ်ဝန်းကျင်လည်း ကောင်းကျိုးမရှိဘဲ ဆိုးကျိုးများလို့ နောက်ဆုံး မရဘူးဆို ရင် ဘုန်းကြီးတို့က ဆန္ဒပြမှာပဲ။ အရင်တုန်းက စက်ရုံတွေစဆောက်စဉ်တုန်းကလည်း သူတို့ ဘာမှ ဒေသခံတွေ အပေါ် ကြည့်ခဲ့တာမရှိဘူး ” ဟု မြိုင်ကလေး ဇရပ်ဖြူကျောင်းတိုက် ဆရာတော် အရှင်က္ကန္ဒာစာရက မိန့်ဆိုသည်။

၂၀၁၆ ခုနှစ်က လှာကာကျေးရွာအုပ်စု၊ ဇရပ်ဖြူ ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံမှာ ကျေးရွာ ၂၇ ရွာမှ ဒေသခံ ၂၅၀ ဦးခန့်က ကျောက်မီးသွေးလောင်စာ ပြောင်းလဲသုံးစွဲမယ့်အပေါ်  ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့ ပြီးနောက်  နိုင်ငံတော်သမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာထံ ကျောက်မီးသွေးလောင်စာ အသုံးပြု စက်ရုံလည်ပတ်မည်ကို ကန့်ကွက်စာတင်ပြတိုင်ကြားထားသော်လည်း လက်ရှိအချိန်ထိ စက်ရုံတာဝန် ရှိ သူများဘက်နှင့် ပြည်နယ်အစိုးရဘက်မှ လာရောက်ရှင်းလင်းတာ ဆွေးနွေးချပြတာ မရှိသေးကြောင်း သိရ သည်။

“ နိုင်ငံတော်သမ္မတနဲ့ လူကြီးတွေဆီ ကျနော်တို့ စာတင်တိုင်ခဲ့တယ်။ အခုထိ မေးမြန်းတာတွေ ခေါ်တွေ့ တာ တွေ မရှိသေးဘူး။ ကျောက်မီးသွေးဆိုးကျိုးတွေကြောင့် ဒုက္ခရောက်မှာ စိုးရိမ်တယ် ။ စက်ရုံ တာဝန်ရှိ တဲ့သူ တွေ လာပြီး ရှင်းပြတာမရှိဘူး။ သံလွှင်မြစ်ကမ်းဘေးက မြေတွေ သိမ်းယူထားပြီး သူတို့ ကျောက်မီးသွေး အ တင်အချ နဲ့ ဘိလပ်မြေအိတ်တွေ အတင်အချ လုပ်ဖို့ ဆိပ်ကမ်းလုပ်နေတာလည်းပြီးပြီ။ မြေတွေ အပင်တွေကို ခြံတွေကို တခြား သဲ ကျောက်လုပ်ငန်းရှင် တွေကို  စက်ရုံကလူတွေ ပိုက်ဆံ လစာ နှစ်ချုပ် တွေနဲ့ အငှားချထား တယ်" ဟု မြိုင်ကလေး ကျေးရွာနေထိုင်သူ  ဦးခွန်မြမောင် က ပြောဆိုသည်။

အဆိုပါ ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမယ့် ဓာတ်ငွေ့ဆိုးကျိုးတွေကို ၂၀၁၅ ဒီ ဇင်ဘာ လကုန်ပိုင်းက ထုတ်ပြန်ထားသည့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးထုတ်လုပ်မူ ဆွေး နွေးပွဲမှ  လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ သဘာဝဓာတ်ငွေ့လောင်စာ ပြောင်းလဲ သုံးစွဲ ခြင်းကို ကမ္ဘာကလက်ခံသည့် Clean Coal Technology အသုံးပြုပြီး၊ ဂျပန်နိုင်ငံ Kawsaki Heavy Industries Co.,Ltd နဲ့ MEC တို့စာချူပ် ချူပ်ဆို လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၂၀၁၆ခုနှစ်အတွင်းက သတင်းမီဒီ ယာများနှင့် တွေ့ဆုံရာတွင် စက်ရုံအင်ဂျင်နီယာမှူးကြီး ဦးမိုးဝင်းက  ပြောဆိုထားခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

စောဘောသိုလ် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment