Monday, June 25, 2018

နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားစာကို ရဲတပ်ဖွဲ့ဝင်များပါ လိုက်နာကြရန် စာထုတ်


နိုင်ငံတော်သမ္မတရုံးမှ စာအမှတ်၊၁၅၈(၁)/၈/သမ္မတရုံး ဖြင့် ညွှန်ကြားလာသော ညွှန်ကြားစာပါ အကြောင်းအရာကို တပ်ဖွဲ့ အသီးသီးမှ အကြီးအကဲများအားလုံး သိရှိလိုက်နာသွားရန် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ထပ်ဆင့်ညွှန်ကြား ထားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအားလုံး၊ပြည်ထောင်စုဝန်ကြီးဌာနများအားလုံး၊နေပြည်တော်ကောင်စီ၊တိုင်း/ပြည်နယ် အစိုးရအဖွဲ့အားလုံး တို့ အနေဖြင့် အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ထားခြင်းမရှိသော ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် ကျင်ပပြုလုပ်သည့် အခမ်းအနားများသို့ မတက်ရောက်ရန်၊ဖိတ်ကြားမှုများကို လက်မခံရန် ညွှန်ကြားထားသည်။

ယင်းညွှန်ကြားချက်ကို လိုက်နာသွားရန် ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းလက်အောက်ရှိ အဖွဲ့အစည်းများအားလုံးကို ထပ်ဆင့်ညွှန်ကြား ထားခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ပေးပို့သည့် ညွှန်ကြားစာကို ရရှိပါကြောင်း အဆင့်မြင့်ရဲအရာရှိအချို့က အတည်ပြုပေးသည်။

နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားစာထဲတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအားလုံး၊ပြည်ထောင်စုဝန်ကြီးဌာနများအားလုံး၊နေပြည်တော်ကောင်စီ၊တိုင်း/ပြည်နယ် အစိုးရအဖွဲ့အားလုံးဟုပါရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာနက ၀န်ထမ်းအကြီးအကဲများနှင့် ရဲတပ်ဖွဲ့ပါ လိုက်နာသွားရန် စာထုတ်ခဲ့သည်။

MTA
ပုံစာ။ ။နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်သည့် စာအမှတ်၊၁၅၈(၁)/၈

Popular News Journal


0 comments:

Post a Comment