Thursday, June 28, 2018

ပျောက်ဆုံးနေသော လူငယ်များကို ကူညီရှာဖွေပေးမည့် အမေရိကန်နှင့် ဗြိတိန်မှ တပ်ဖွဲ့ဝင်များ ထိုင်းသို့ရောက်ရှိလာကြပြီ


ပျောက်ဆုံးနေသော လူငယ်များကို ကူညီရှာဖွေပေးရန် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်မှ ရေငုပ်တပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။

"ပျောက်ဆုံးနေသူတွေရှိမယ်လို့ယူဆတဲ့နေရာကို ဂူထိပ်ကနေ အပေါက်ဖောက်ပြီး နိုင်ငံခြားက ကျွမ်းကျင်ရေငုပ်တပ်ဖွဲ့ဝင်တွေက အထဲကိုဆင်းကြမှာပါ"ဟု ထိုင်းတပ်မတော် အမှတ် ၃၇ စစ်တိုင်းမှူး ဗိုလ်မှူး ဘွန်ချာ ဒူရီယာပန်ကပြောပါသည်။

ဗြိတိန်ရေတပ်မတော်မှ ရေငုပ်တပ်ဖွဲ့ဝင်များမှာ ယမန်နေ့ကရောက်ရှိလာကြခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုပစိဖိတ်ဒေသကွပ်ကဲရေး(USPACOM) မှ တပ်ဖွဲ့ဝင် ၃၀ ကလည်း ပါဝင်ပူးပေါင်းကူညီကြမည်ဖြစ်သည်။

"အမေရိကန်ပြည်ထောင်စုပစိဖိတ်ဒေသကွပ်ကဲရေး(USPACOM)ကလဲ တပ်ဖွဲ့ဝင် ၃၀ ကို လိုဏ်ဂူကိုထိုးဖောက်ဖို့ ပစ္စည်းကိရိယာ အပြည့်အစုံနဲ့ စေလွှတ်လိုက်ပါပြီ"ဟု ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ပရာဝပ် ၀န်ဆူဝမ်ကပြောပါသည်။

ကျောင်းသားလူငယ် ၁၂ ဦးနှင့် သူတို့၏ ဘောလုံးနည်းပြတို့ ဂူထဲတွင်ပျောက်ဆုံးခြင်းကို ရှာဖွေနေကြခြင်းမှာ ယနေ့သည် ၅ ရက်မြောက်နေ့ဖြစ်သည်။


ref: US forces, British divers join search for boys missing in Thai cave
Popular News Journal

0 comments:

Post a Comment