Thursday, June 28, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ရှိ UEHRD နှင့် NRPC ရုံးတို့သို့ သွားရောက်


အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေးဖွံ့ဖြိုးရေး စီမံကိန်း( UEHRD) ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရွှေလီလမ်းရှိ UEHRD နှင့် NRPC ရုံးတို့သို့ သွားရောက်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အတူ UEHRD ရုံး၌ UEHRD ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ သတင်းနှင့် ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဦးကျော်မြိုင်တို့နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်းနှင့် ဆက်စပ်နေသော အရေးကြီးကိစ္စရပ်များနှင့် သတင်းနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် NRPC ရုံး၌ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်းနှင့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။

The Fifth Wave News

0 comments:

Post a Comment