Monday, June 25, 2018

ရွှေ့ပြောင်းနေထိုင်သူ ၅ဝဝ ခန့်ကို လစ်ဗျားကမ်းရိုးတန်းစောင့်တပ် ကယ်တင်


လစ်ဗျားကမ်းရိုးတန်းစောင့်တပ်ဟာ ဇွန် ၂၄ ရက်မှာ ၃ ကြိမ်မြောက် ကယ်ဆယ်ရေး အနေနဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၉ဝ ကို ထရီပိုလီမြို့ရဲ့ ကမ်းလွန်ပင်လယ်ပြင်ကနေ ကယ်ဆယ်ခဲ့ပါတယ်။

ကမ်းရိုးတန်းစောင့် သင်္ဘောတွေဟာ လစ်ဗျားရေပိုင်နက်အတွင်း ရာဘာလေမှုတ်လှေ စုစုပေါင်း ၆ စီးကနေ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၉ဝဝ ကျော်ကို တနေကုန် ကယ်ခဲ့ရတယ်လို့ ရက်စ် အဒ်ဒီယာ သင်္ဘောရဲ့ စစ်ဦးစီးမှူး ရာမီ ဂါမိဒ်က ပြောပါတယ်။

ဥရောပကိုသွားဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လစ်ဗျားနိုင်ငံထဲ ပြန်ခေါ်လာခဲ့တာပါ။

ကျန်ခဲ့တဲ့ သီတင်းတပတ်တည်းအတွင်း လူအယောက် ၁ဝဝဝ ကျော် လစ်ဗျားကနေ ဥရောပကိုသွားဖို့ ကြိုးစားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။

စစ်ပွဲတွေနဲ့ ဆင်းရဲမွဲတေမှုတွေကနေ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ဥရောပကိုသွားဖို့ ကြိုးစားရာမှာ လစ်ဗျား အနောက်ဘက် ကမ်းရိုးတန်းဟာ အဓိက ထွက်ခွာရာနေရာ ဖြစ်နေပါတယ်။

DVB

0 comments:

Post a Comment