Monday, June 25, 2018

KIA လက်နက်ကိုင်အဖွဲ့ထောင်ထားသည့် ရီမုမိုင်းတစ်လုံး တွေ့ရှိသိမ်းဆည်း


ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အုတ်ကျင်းကျေးရွာအနီး မိုးကောင်း-ဖားကန့်သွား ကားလမ်းဘေး တွင် KIAလက်နက်ကိုင်အဖွဲ့ထောင်ထားသည့် ရီမုမိုင်းတစ်လုံး ဇွန်လ ၂၄ ရက်က တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အုတ်ကျင်းကျေးရွာအနီး မိုးကောင်း-ဖားကန့်သွား ကားလမ်းဘေး၌ မိုင်းတစ်လုံး တွေ့ရှိကြောင်း သတင်းအရ ဇွန် ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ခွဲခန့်တွင် နယ်မြေခံ တပ်မတော်သားများက သွားရောက်စစ်ဆေးရာ KIA လက်နက်ကိုင်အဖွဲ့ ထောင်ထားသော အချင်း၎ လက်မ၊ အရှည် ၄ လက်မရှိ ကားပစ်စတင် အိုးတစ်ခု၊ လျှပ်စစ်စနက်တံနှစ်ချောင်း၊ ရီမုဆားကစ်တစ်ခု၊ ဓာတ်ခဲငါးလုံးတို့ ပါဝင်သည့် ရီမုမိုင်း တစ်လုံးအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိမိုင်းအား လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ခဲ့သည်။

The Ladies News

0 comments:

Post a Comment