Thursday, June 28, 2018


ရခိုင်အရေးနှင့်  ပတ်သက်သော ထိပ်သီးဆွေးနွေး ပွဲတစ်ခုတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကအာဏာ သိမ်းမည်ဟု ပြောကြားခဲ့ခြင်းမရှိ ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ 

‘‘အဓိက ဘန်ကောက်ပို့စ်မှာ လယ်ရီဂျေဂင်ရဲ့ ဆောင်းပါးနဲ့ ပတ်သက်လို့သမ္မတရယ်၊ အတိုင် ပင်ခံရယ်၊ တပ်ချုပ်ရယ်၊ဒုသမ္မတ တွေနဲ့အစည်းအဝေးမှာ ပြဿနာ တွေဖြစ်တယ်။ အာဏာသိမ်းမယ် ဆိုပြီးတော့ ခြိမ်းခြောက်တယ်ဆို ပြီးရေးထားတဲ့ဟာကလုံးဝမှားပါ တယ်။ အဲဒီအစည်းအဝေးအခန်း ထဲမှာ ကျွန်တော်တို့လည်းပဲရှိပါ တယ်။ ဘန်ကောက်ပို့စ်မှာရေး ထားသလိုမျိုး တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကနေပြီးတော့  အာဏာသိမ်းဖို့အထိ ပြောတယ် ဆိုတဲ့ဟာတွေက လုံးဝမှားပါ တယ်ဆိုတာလေး ပြောချင်တာ ပါ’’ ဟု ဦးဇော်ဌေးကပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ARSA အဖွဲ့၏ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်းလူ့အခွင့်အ ရေးချိုးဖောက်မှုများကို စုံစမ်းစစ် ဆေးရန် နိုင်ငံတကာပုဂ္ဂိုလ်ကြီး တစ်ဦးပါဝင်မည့် စုံစမ်းရေးကော် မရှင် ဖွဲ့စည်းမည်ဟု မေလ ၃၁ ရက်က ကြေညာခဲ့သည်။ 

ဇွန်လ ၆ရက်တွင်ပြည်ခိုင်ဖြိုး ပါတီဝင်အမတ်တစ်ဦးက ယင်း ကိစ္စနှင့်ပတ်သက်၍ အဆိုတစ်ရပ် တင်သွင်းပြီးယင်းအဆိုကို မဆွေး နွေးမီ ဇွန်လ ၈ ရက်တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ဒုတိယ သမ္မတနှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ နယ်စပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေးတို့မှ ၀န်ကြီးများပါဝင် သောလုံခြုံရေးဆိုင်ရာ အထူးအ စည်းအဝေးကို နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပခဲ့သည်။ 

အဆိုပါ အစည်းအဝေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအခြေ စိုက်ဘန်ကောက်ပို့စ်သတင်းစာ၌ လယ်ရီဂျေဂင်က ‘UN  envoy averts possible military coup in Myanmar’  ခေါင်းစဉ်ဖြင့်ဇွန်လ၂၃ ရက်က ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေါသတကြီးတုံ့ပြန်ပြီး အာဏာ သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့ ကြောင်း ရေးသားထားသည်။

ဦးဇော်ဌေးက ၎င်းကိုယ်တိုင် အဆိုပါ အစည်းအဝေးပွဲအခမ်း အနားတွင်ရှိနေကြောင်းနှင့် ယင်းအစည်းအဝေး၌ နိုင်ငံတကာဆက်ဆံရေးအခြေအနေ၊ စုံစမ်းစစ် ဆေးရေးအတွက် ကော်မရှင်ဖွဲ့ စည်းမည့်အခြေအနေ၊ ရခိုင်ပြည် နယ် လုံခြုံရေးကိစ္စရပ်များနှင့်နယ် စပ်လုံခြုံရေးကိစ္စရပ်များ ပါဝင်ပြီး တက်ရောက်လာသော ခေါင်း ဆောင်အားလုံး အေးဆေးစွာ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ 

‘‘အဲဒီနေ့က အဓိကအားဖြင့်  ဆွေးနွေးတဲ့အပိုင်းက နံပါတ်(၁) အဲဒီလို ဒေါသတကြီးပြောဆိုတာ မျိုးလုံးဝမရှိဘူး။ နောက်နံပါတ်(၂) အချက်က အာဏာသိမ်းဖို့ပေါ့ နော်။ တကယ်လို့ အစိုးရကစီမံ ခန့်ခွဲမှုမရှိရင် အာဏာသိမ်းဖို့ဆို တဲ့ ပြောကြားချက်မရှိဘူး။နံပါတ် (၃) အချက်က အဲဒီလိုမျိုးဆိုးဆိုး ရွားရွားမပြေမလည်နဲ့အဆုံးသတ် သွား တာမဟုတ်ဘူး။ နားလည် မှုရှိရှိနဲ့ ပြေပြေလည်လည်နဲ့ပဲပြီး သွားတယ်’’ ဟု ၎င်းကဆိုသည်။

ထို့အပြင် ယင်းဆွေးနွေးပွဲ၌  အစိုးရက လက်ရှိနိုင်ငံတကာနှင့် ဆောင်ရွက်နေသည့် အခြေအနေ များ၊ ကုလသမဂ္ဂအဖွဲ့များနှင့် ဆက်ဆံရေးအခြေအနေများ၊ICC ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည့် အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က လည်း နားလည်သဘောပေါက် လက်ခံခဲ့ကြောင်း ဦးဇော်ဌေးကဆက်လက် ပြောကြားသည်။ 

လယ်ရီဂျေဂင်၏ဆောင်းပါး တွင် ရေးသားဖော်ပြထားသော သတင်းအရင်းအမြစ်များသည် လည်းတိကျသေချာမှု မရှိသဖြင့် ယုံကြည်လက်ခံရန် ချင့်ချိန်သင့် ကြောင်း ၎င်းကဆိုသည်။ 

‘‘သေချာဖတ်ကြည့်တော့ အဓိက ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်ကဘာလဲ ကျွန်တော်တို့မသိဘူး။ ဥပမာ- သူရေးထားတာတွေက တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်နဲ့ နီးစပ်တဲ့လူတစ်ဦး၊ အဆက်အ သွယ်ရှိတဲ့လူတစ်ဦး၊ တပ်မတော် အရာရှိကြီးဟောင်းတစ်ဦးဆို တော့ ဒါတွေက ဘယ်လောက်ခိုင် မာလဲပေါ့။ တိတိကျကျ မပြောရဲ တဲ့ သတင်းအရင်းအမြစ်မျိုး ဖြစ်နေတဲ့အခါကျတော့ ဒီသတင်းအ ပေါ်မှာ ဘယ်လောက်အတိုင်း အတာထိ ယုံကြည်ရမလဲဆိုတာ ချင့်ချိန်ရမယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။ 

ထို့အပြင် အဆိုပါဆောင်း ပါးကြောင့် နိုင်ငံတကာတွင် စိုး ရိမ်ပူပန်မှုများရှိခဲ့ပြီး ယင်းဆောင်း ပါးအပေါ်တပ်မတော်ကလည်း ကျေနပ်မှုမရှိကြောင်း ၎င်းကပြောသည်။ 

7Day


0 comments:

Post a Comment