Sunday, June 24, 2018

အဂတိမှုဖြင့် အရေးယူခဲ့သော ဒေါက်တာသန်းထွဋ်သည် မိမိ၏ ကျေးဇူးရှင်တစ်ဦး ဖြစ်ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ပြောကြား


အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံရသူ FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်ကို ချက်ချင်းဖမ်းဆီးပြီးပြည်ထောင်စုဝန်ကြီးဖြစ်သည့် ဦးကျော်ဝင်းကိုမူ ဖမ်းဆီးအရေးယူခြင်းမရှိကြောင်း ဝေဖန်သူများသည် နားလည်မှု မှားယွင်းခြင်းသာဖြစ်ပြီး ဘက်လိုက်မှုကင်းရှင်းကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က 7Day Daily သတင်းစာအား ပြော ကြားသည်။

ဒေါက်တာသန်းထွဋ်သည် ၎င်း၏ လက်ချိုးရေတွက်၍ရသည့် စာရင်းတွင် ပါဝင်သော ကျေးဇူးရှင်ဖြစ်သည့်တိုင် အဂတိလိုက်စားမှုဖြင့် အပြစ်ရှိကြောင်း ပေါ်ပေါက်သဖြင့် ကော်မရှင်ဥက္ကဋ္ဌဖြစ်သော်လည်း ဘက်လိုက်ခြင်းကင်းစွာ အရေးယူခဲ့ကြောင်း ဦးအောင်ကြည်က ဖွင့်ဟပြောဆိုသည်။

လွန်ခဲ့သည့် ၂၇ နှစ်က ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် တပ်ရင်းမှူး တာဝန်ထမ်းဆောင်စဉ် ဒေါက်တာသန်းထွဋ်သည် တပ်မ၏ ဆေးမှူးဗိုလ်ကြီး ဖြစ်ခဲ့သည်။ ဦးအောင်ကြည်၏ မိသားစုပြည်နယ်တစ်ခုသို့ ခရီးထွက်စဉ် စီးလာသော ကားသည်  ပေ ၂၀ အနက် ရှိသည့် ချောက်ထဲသို့ ပြုတ်ကျရာ  ၎င်းတို့မိသားစုကို ဒေါက်တာသန်းထွဋ်က ကားထဲမှဆွဲထုတ်ကယ်တင်၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ကျေးဇူးရှိခဲ့ပုံကို ဦးအောင်ကြည်က 7DayDaily သတင်းစာအား ဖွင့်ဟ သည်။

ကျေးဇူးရှင်ဖြစ်သည့် ဒေါက် တာသန်းထွဋ်နှင့် ၎င်းသည် ရင်း နှီးစွာ လေးလေးစားစားဆက်ဆံ နေထိုင်ပြီး ဦးအောင်ကြည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်ဥက္ကဋ္ဌဖြစ်လာသည့်အခါ ဒေါက်တာသန်းထွဋ်ကို တိုင်သည့် စာ ရရှိခဲ့ကြောင်း၊ စုံစမ်းစစ်ဆေး သည့်အခါ အရေးယူရန် ခိုင်လုံ သည့် အထောက်အထားရှိ သဖြင့် ၎င်း၏ ကျေးဇူးရှင်ဖြစ်သော်လည်း ဘက်လိုက်မှု ကင်းရှင်းစွာအရေးယူခဲ့ကြောင်း ဦးအောင်ကြည်က ပြောသည်။

‘‘အခု ဝေဖန်နေတဲ့သူတွေ အားလုံးကို အန်ကယ့်ထက်ပိုပြီး တော့ ကိုသန်းထွဋ်အပေါ်မှာ ဒီလို စေတနာမျိုး၊ ကျေးဇူးရှင်အဖြစ် သတ်မှတ်တဲ့သူတွေ ဘယ်နှ ယောက်ရှိလဲ။ အန်ကယ့်နေရာမျိုး မှာ သူတို့ ခံစားကြည့်ကြစမ်းပါ။ ဒီလိုခံစားချက်မျိုးနဲ့ ကိုယ့်ရဲ့ တာဝန်ဝတ္တရားကို ကျေပွန်အောင် လုပ်တာပါ’’ဟု ဦးအောင်ကြည်က 7Day Daily သတင်းစာနှင့် သီးသန့်အင်တာဗျူးတွင် ပြောသည်။

အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က အရေးယူ သည့် ဖြစ်စဉ်များအနက် FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကို အရေးယူခြင်းသည် ရာထူးအကြီးဆုံး အရေးယူနိုင် ခြင်းဖြစ်သည်။ ထို့နောက် ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်း အဂတိမှုဖြင့် တိုင်ကြားခံရသည်။ သို့သော် ဦးကျော်ဝင်းကို စုံစမ်းစစ် ဆေးရာ၌ အဂတိဥပဒေဖြင့် ငြိစွန်းမှုမရှိ၍ အရေးယူနိုင်ခြင်းမရှိ ကြောင်း ကော်မရှင်က ဇွန်လ ၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက ဒေါက် တာသန်းထွဋ်အား တိုင်စာရရ ချင်း အရေးယူပြီး ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းကိုမူ အရေး မယူခြင်းနှင့်ပတ်သက်၍ မေးမြန်း ခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲပြီး သည့်နောက်တွင် ကော်မရှင်က ဒေါက်တာသန်းထွဋ်ကို တိုင်စာ ရရချင်း ချက်ချင်းဖမ်းဆီးခြင်း မဟုတ်ဘဲ နှစ်လကြာ စုံစမ်းစစ် ဆေးပြီးနောက် အပြစ်ရှိကြောင်း ပေါ်ပေါက်သဖြင့် ဖမ်းဆီးအရေး ယူခြင်းဖြစ်ကြောင်း တိုင်ကြားစာ ရရှိသည့် ရက်စွဲ၊ စတင်စုံစမ်းစစ် ဆေးသည့် ရက်စွဲနှင့် အရေးယူခဲ့ သည့် ရက်စွဲများကို အသိပေးချက် ထုတ်ပြန်ကာ ကော်မရှင်က ဖြေ ရှင်းခဲ့သည်။

‘‘ဒီသတင်းက မမှန်ဘူးဆို တာကို ဝန်ခံကြဖို့ကောင်းတယ်။ အန်ကယ်တို့လည်း တကယ့်အ ဖြစ်ကို ပြောရတာ။ မှားယွင်းပြီး တော့ ပြောတာလည်း မဟုတ် ဘူး။ အဲဒီတော့ ဝန်မခံဘူးဆို လည်း ထားပါ။ အန်ကယ်တို့က သည်းခံခွင့်လွှတ်ရမှာပေါ့’’ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က တုံ့ပြန်သည်။

အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်ကို အသစ် ပြန်လည်ဖွဲ့စည်းပြီးနောက် လာဘ် ပေးလာဘ်ယူမှုများ ဆက်တိုက် အရေးယူနေပြီး နောက်ဆုံးအရေး ယူထားမှုသည် ကျပ်သိန်း ၁,၅၀၀ ကျော် လာဘ်စားမှုဖြင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် ဖြစ်သည်။

ထို့နောက် အဂတိမှုဖြင့် တိုင်ကြားခံရသူ ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးကျော်ဝင်းသည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးချယ်တင် မြှောက်ခံရပြီး ပြည်ထောင်စုဝန် ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ် သည်။ ဝန်ကြီးအဖြစ် ၂ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီး မေလ လယ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံရပြီးနောက် ရာထူးမှ နုတ် ထွက်ကြောင်း ကြေညာချက်ထွက် ပေါ်လာသည်။

အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေအရ ပြည်ထောင် စုဝန်ကြီးအဆင့်ရှိသူ အဂတိလိုက် စားမှုကျူးလွန်ကြောင်း ထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

ဒေါက်တာသန်းထွဋ်နှင့် ဦးကျော်ဝင်းတို့၏ အမှုနှစ်ခုသည် တူညီသည့် အခြေအနေများ မဟုတ်သဖြင့် နှိုင်းယှဉ်ပြောဆို၍ မရကြောင်း၊ ၎င်းတို့ကော်မရှင် သည် ဥပဒေချိုးဖောက်သူကို အ ရေးယူခြင်းဖြစ်၍ ဘက်လိုက်ခြင်း ကင်းရှင်းကြောင်း ဦးအောင်ကြည် က ဆိုသည်။

7Day



0 comments:

Post a Comment