Thursday, June 28, 2018

မဲစာရင်းများ မှန်ကန်စေရေး လာရောက်ကြည့်ရှု စစ်ဆေးပေးကြရန် မဲဆန္ဒရှင်များကို တိုက်တွန်း


လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင် ၉ ရက်ကစပြီး ၂၂ ရက်ထိ သီတင်းနှစ်ပတ်ကြာ ပထမအကြိမ် ကပ်ထားကြေညာပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင်က ထုတ်ပြန်ပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာရှိတဲ့ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ သွားရောက်ပြီး  မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေဖို့ အတွက် ကြည့်ရှုကြဖို့ ကော်မရှင်က ပန်ကြားထားပါတယ်။

မဲစာရင်းမှာ မိမိနာမည်မပါရင် ပုံစံ (၃)နဲ့ မဲစာရင်းမှာ ထည့်သွင်းဖို့၊ မပါဝင်သင့်သူတွေ ပါဝင်နေရင် ပုံစံ (၄)နဲ့ ကန့်ကွက်ဖို့နဲ့ အချက်အလက်တွေ မှားယွင်းနေရင် ပုံစံ(၄-ဂ)နဲ့ ပြင်ဆင်လွှာ တင်သွင်းဖို့ တိုက်တွန်းထားပါတယ်။

မဲစာရင်းတွေ ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ဆောင်ရွက်ပြီးပါက ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းတွေကို အောက်တိုဘာလမှာ နောက်ဆုံးအကြိမ် ၁၄ ရက်ကြာ ထပ်မံ ကပ်ထား ကြေညာပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းရရှိရေးအတွက် မဲဆန္ဒရှင်တွေအနေနဲ့ တစ်အိမ်ထောင်ကို အနည်းဆုံး တစ်ယောက် လာရောက်ကြည့်ရှု ကူညီပူးပေါင်းဆောင်ရွက်ကြဖို့ ကော်မရှင်က မေတ္တာရပ်ခံထားပါတယ်။

လွှတ်တော်အသီးသီးမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၃ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

DVB

0 comments:

Post a Comment