Thursday, June 28, 2018

သိမ်းဆည်းခံလယ်ယာမြေပြဿနာများ အချိန်မဆွဲဘဲ ဖြေရှင်းရန် သမ္မတတိုက်တွန်း


သိမ်းဆည်းခံ လယ်ယာ မြေနှင့် အခြားမြေများနှင့် ပတ် သက်၍ လိုအပ်သည်ထက် အချိန် ဆွဲဖြေရှင်းခြင်းမပြုဘဲ အမြန်ဆုံး ပြီးစီးအောင် အားသွန်ခွန်စိုက်စီမံ ခန့်ခွဲ ဆောင်ရွက်ပေးကြရန် အထူးလိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားသည်။

လယ်မြေနှင့် အခြားမြေများ  သိမ်းဆည်းခံရမှုများ ပြန်လည်စိ စစ်ရေး ဗဟိုကော်မတီအစည်းအဝေးကို ဇွန်လ ၂၆ ရက်တွင် ပြုလုပ်ရာ သမ္မတဦးဝင်းမြင့် တက် ရောက် အမှာစကားပြောကြား သည်။ ယင်းအစည်းအဝေးတွင်  ဗဟိုကော်မတီဝင်များနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် ကော်မတီဥက္ကဋ္ဌများဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်များကို သမ္မတက တိုက်တွန်းပြောကြားခြင်းဖြစ်သည်။

အထက်ပါကော်မတီဥက္ကဋ္ဌ သည် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်တွင် ဗဟိုကော်မတီအစည်းအဝေးများကို ၎င်းကသာ  ဦးဆောင်ကျင်းပခဲ့ကာ ယခုအစည်းအဝေးကို သမ္မတဦးဝင်းမြင့်က ပထမဆုံးတက်ရောက်၍ အမှာစကားပြောကြားခြင်းဖြစ်သည်။

အစိုးရသစ်၏ ၂ နှစ်တာအတွင်း တိုင်ကြားစာများကို စိစစ်ဆောင်ရွက်မှုအားနည်းပြီး ပြန် လည် စွန့်လွှတ်မြေများကိုလည်း မူလပိုင်ရှင်ထံသို့ ပြန်လည်ပေး အပ်ရန် နှောင့်နှေးကြန့်ကြာနေ သည်ကို တွေ့ရကြောင်း သမ္မတ ကပြောသည်။ ‘‘နိုင်ငံတော်အစိုး ရက ပြန်လည်စွန့်လွှတ်ပေးမှုတ ချို့ ရှိခဲ့သော်လည်း သိမ်းဆည်းခံ ရတဲ့ တောင်သူလယ်သမားများ မှာ ပေးကားပေး၏ မရဖြစ်နေကြ ပါတယ်’’ဟု သမ္မတဦးဝင်းမြင့်က ပြောသည်။

လက်ရှိတွင် သိမ်းဆည်းခံ  လယ်ယာမြေများကို တောင်သူ များ အမြန်ဆုံးပြန်လည်ရရှိရေး မူဝါဒလုပ်ငန်းစဉ် ၅၂ ချက် ချမှတ်ကာ ကြိုးပမ်းဆောင်ရွက်နေ ကြောင်းဆိုသည်။

မစွန့်လွှတ်သည့်ကိစ္စရပ်များ ပေါ်တွင် ချမှတ်ထားသော မူဝါဒ များနှင့် ကိုက်ညီမှု ရှိ၊ မရှိ အသေး စိတ်စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ သိမ်းဆည်းပြီးကတည်းက ယခုအထိ အသုံးပြုခဲ့ခြင်းမရှိဘဲ နောင်တွင် အသုံးပြုရန်ရှိနေသည်၊ လုပ်ငန်းဆောင်ရွက်ရန် ရှိနေသည်ဟုဆိုကာ မူဝါဒနှင့် ဆန့်ကျင်နေမှုများ  မဖြစ်သင့်ကြောင်း သမ္မတက ထည့်သွင်းပြောကြား သည်။

‘‘ပြည်ထောင်စုအစိုးရအဖွဲ့ ၀င်များ၊ တိုင်းဒေသကြီး၊ ပြည် နယ်အစိုးရ အဖွဲ့ဝင်များအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒများကို ပီပီပြင်ပြင် အကောင်အထည်ဖော် ပေးကြရန် အထူးတာဝန်ရှိကြပါ တယ်’’ဟု သမ္မတကပြောသည်။

ဗဟိုကော်မတီအနေဖြင့် သက်ဆိုင်ရာဝန်ကြီး၊ နေပြည် တော်၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရများ၏ သဘောထားရယူပြီး မြန်ဆန်စွာ ဆုံးဖြတ်ပေး ရန်၊ စွန့်လွှတ်မြေများနှင့် ပတ် သက်၍ နှောင့်နှေးကြန့်ကြာမှုမရှိ စေဘဲ မူလပိုင်ရှင်များထံ အမြန် ဆုံးအပ်နှံသွားရန်၊ မစွန့်လွှတ်ရ သေးသည့် သိမ်းဆည်းမြေများအ ပေါ် ကော်မတီအဆင့်ဆင့်က ထိ ရောက်စွာ အမြန်ဆုံးစိစစ်ပေးကြ ရန် လိုအပ်ကြောင်း ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

ထို့အပြင် သိမ်းဆည်းခံမြေ များကို သက်ဆိုင်ရာကော်မတီအ  သီးသီးက ပြန်လည်စိစစ်ရာတွင်  အဆင်ပြေချောမွေ့မှု မရှိစေရန် အဟန့်အတားဖြစ်စေသည့်၊ စွန့် လွှတ်ပြီးမြေများကို အပ်နှံရန် အနှောင့်အယှက်ဖြစ်စေသည့်၊ စွန့်လွှတ်ပြီးမြေများကို အပ်နှံပြီးသော်လည်း ယာယီလွှဲပြောင်းပေးရန် အခက်အခဲလုပ်နေသည့်၊ အသုံးချပိုင်ခွင့် အမည်ပေါက်ရရှိစေရန် အကျပ်အတည်း ဖြစ်စေသည့် သက်ဆိုင်ရာ ၀န်ထမ်းများကိုလည်း လိုအပ်သလို အရေးယူရန် သမ္မတက လမ်းညွှန်မှာကြား သည်။

7Day

0 comments:

Post a Comment