Tuesday, June 26, 2018

အမေရိကန် ကာကွယ်ရေးဝန်ကြီး တရုတ်နိုင်ငံ သွားရောက်


အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်ဟာ ဇွန် ၂၆ ရက်နေ့ကစပြီး ၃ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။

သူဟာ သမ္မတထရမ့်လက်ထက်မှာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်တဲ့ ပထမဦးဆုံး အမေရိကန် ကာကွယ်ရေးဝန်ကြီး ဖြစ်ပါတယ်။

မက်တစ်ဟာ တရုတ်အစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ အခုလို လာရောက်လည်ပတ်တာလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ယင်ဂွတ်ချောင်က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးနှစ်ဦးဟာ နှစ်ဖက် စစ်တပ်တွေရဲ့ အခြေအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေတွေအပေါ် အမြင်သဘောထား ဖလှယ်ကြမယ်လို့လည်း မစ္စတာယင်က ပြောပါတယ်။

မက်တစ်ဟာ တရုတ်ကာကွယ်ရေးဌာန အရာရှိတွေနဲ့ တွေ့ဆုံတဲ့အခါ ပိုမိုကြီးကျယ် စနစ်ကျတဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးသွားမယ့် အကြောင်းလည်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment