အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာစီ) ဥက္ကဋ္ဌ ပီတာမာယူရာ ဟာ ဒီကနေ့ မနက်ပိုင်းက Golden Myanmar လေကြောင်းလိုင်းနဲ့ ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ရောက်ရှိလာပါတယ်။
ရခိုင်ပြည်နယ်မှာရှိနေတဲ့ အကူအညီပေးရေးလုပ်ငန်းစဉ်တွေ တိုးချဲ့ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး လာရောက်တာဖြစ်တယ်လို့ အိုင်စီအာစီအဖွဲ့ အကြီးအကဲက စစ်တွေလေဆိပ်မှာ သတင်းထောက်တွေကိုပြောပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအနေနဲ့ ဒေသခံတွေရဲ့ လိုအပ်အပေါ်မှာ မူတည်ပြီး ကြားနေအဖွဲ့အနေနဲ့ တန်းတူညီမျှ ကူညီမှုဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း မစ္စတာ ပီတာ မာယူရာက ဆိုပါတယ်။
အိုင်စီအာစီအဖွဲ့ဟာ စစ်တွေလေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီးနောက် စစ်တွေမှာရှိတဲ့ အိုင်စီအာစီရဲ့ လုပ်ငန်းတွေ ဆောင်ရွက်ချက်တွေကို ကြည့်ရှုလေ့လာမှာဖြစ်ပြီး အဲ့ဒီကနေတဆင့် မောင်တော ဒေသကို အမြန်ရေယာဉ်နဲ့ ဆက်လက်သွားမှာဖြစ်ပါတယ်။
အိုင်စီအာစီအဖွဲ့ ဥက္ကဋ္ဌဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့တွေ့ဆုံဖို့လည်းရှိပြီး ၃ ရက်တာ ရခိုင်ခရီးစဉ်အပြီး ဇွန်လ ၂၉ ရက်မှာတော့ နိုင်ငံတော် အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို
DVB
 










 
 
 
 
 
0 comments:
Post a Comment