Thursday, June 28, 2018

မူးယစ်ဆေးဝါးဖမ်းဆီးရန် သတင်းပေးသူတစ်ဦးလျှင် ကျပ်သိန်း ၁၃၀ ခန့်ချီးမြှင့်ရန် တွက်ချက်ထားဟု ဦးဇော်ဌေးပြော


မူးယစ်ဆေးဝါး များကို ဖမ်းဆီးရန် သတင်းပေးသူ တစ်ဦးလျှင် အနည်းဆုံးကျပ်သိန်း ၁၃၀ ခန့် ချီးမြှင့်ရန် အကြမ်းဖျင်း ခန့်မှန်းတွက်ချက်ထားကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော် ဌေးက ပြောသည်။ 

မူးယစ်ကိစ္စရပ်များနှင့်ပတ် သက်၍ သတင်းပေးတိုင်ကြားသူ များအား ဖမ်းဆီးရမိသောတန်ဖိုး ၏ ၁၀ ရာခိုင်နှုန်း၊ သွားရောက်ဖမ်း ဆီးသည့်ရဲတပ်ဖွဲ့ဝင်များအား ၂၀ ရာခိုင်နှုန်း ဆုကြေးချီးမြှင့်ပေးနိုင် ရန် ဥပဒေ၊ နည်းဥပဒေများလိုအပ် နေသေးပြီး အကြမ်းဖျင်းတွက် ချက်ထားသော ပမာဏကို ထုတ် ဖော်ပြောကြားခြင်းဖြစ်သည်။ 

‘‘အခုဟာက အကြမ်းဖျင်းပဲ ပြောထားတာ။ ဆိုလိုတာက ကျွန် တော်တို့ပြန်တွက်ကြည့်တယ်။ မူး ယစ်ဆေးဝါးသတင်းပေးလို့ ဖော် ထုတ်ဖမ်းဆီးရမိတဲ့ ကိစ္စတွေမှာ အနည်းဆုံး လူတစ်ယောက်ကို သိန်း ၁၃၀ လောက်ပေးဖို့ တွက် ထားပါတယ်’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။ 

ထို့ကြောင့် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲနိုင် ရန် ဇွန်လ ၂၉ ရက်တွင် ပြည်ထဲ ရေးဝန်ကြီးဌာန၌ အလုပ်ရုံဆွေး နွေးပွဲပြုလုပ်မည်ဟု ၎င်းက နေပြည်တော်တွင် ယမန်နေ့က ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတွင် သတင်း ထောက်များ၏မေးမြန်းမှုကို ဖြေ ကြားသည်။ 

‘‘နောက်တစ်ချက်က အထူး သဖြင့် မူးယစ်ရဲဝန်ထမ်းတွေ မူး ယစ်ဆေးဝါးနဲ့ပတ်သက်လို့ များ များဖမ်းလေ၊ နိုင်ငံတော်က ချီးမြှင့် တဲ့ ပိုက်ဆံများများရလေပေါ့။ နောက် သူတို့ရဲ့စားဝတ်နေရေးကို  လည်း ချီးမြှင့်ရာရောက်တဲ့အ တွက် သူတို့များများဖမ်းလေ၊ များ များရလေပေါ့။ အဲဒီတော့ မူးယစ် ရဲတွေအနေနဲ့လည်း ဂုဏ်သိက္ခာ ရှိရှိ မူးယစ်ဆေးဝါးအမှုတွေ ဖော် ထုတ်နိုင်မယ်’’ဟု ဦးဇော်ဌေးက ဖြည့်စွက်ပြောကြားသည်။ 

သတင်းပေးတိုင်ကြားချက် အရ ဖော်ထုတ်ဖမ်းဆီးရမိပါက သိမ်းဆည်းရမိသော ပစ္စည်းစာ ရင်းများပြုစု၍ တန်ဖိုးသတ်မှတ် ချက်များဖြင့် တရားရုံးသို့ တင်ပြ ကာ လုပ်ထုံးလုပ်နည်းများပြီးစီး ပါက ရာခိုင်နှုန်းအလိုက် ခွဲဝေပေး မည်ဟု ဦးဇော်ဌေးက ဆက်လက် ပြောကြားသည်။ 

‘‘တရားရုံးမှာကျတော့ လုပ် ထုံးလုပ်နည်းက ကြာတယ်။ ကြာ နေမယ်ဆို ကျွန်တော်တို့က တန် ဖိုးသင့်ပြီးရင် သတင်းပေးတဲ့သူ၊ ဖမ်းတဲ့သူတွေကို နိုင်ငံတော်က ခေတ္တစိုက်ထုတ်ပြီး ပေးမယ်’’ဟု ဦးဇော်ဌေးက ပြောသည်။ 

မူးယစ်ဆေးဝါး ပြဿနာ သည် လောင်းကစားဝိုင်းများနှင့် အခြားမှုခင်းကိစ္စများ ဆောင်ရွက် ရသောဖြစ်စဉ်များနှင့်မတူဘဲ အနည်းငယ်ရှုပ်ထွေးသည်ဟု မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့စီမံကိန်းဌာနမှူး ရဲမှူးကြီး ဇော် လင်းထွန်းက ဆိုသည်။ 

‘‘အဲဒီအတွက် တားဆီးနှိမ် နင်းရေးတွေ လုပ်တဲ့အခါမှာပဲဖြစ် ဖြစ်၊ ကုသရေးအပိုင်းတွေမှာပဲ ဖြစ်ဖြစ် ပြည်သူအဓိကပါဝင်ဖို့ လိုပါတယ်’’ဟု ရဲမှူးကြီးက ပြော သည်။ 

လက်ရှိတွင် နိုင်ငံအတွင်း မူးယစ်ကိစ္စရပ်များကို မူးယစ်အ ထူးအဖွဲ့ ၅၀ ကျော်ဖြင့် စီမံဆောင် ရွက်နေပြီး သမ္မတကိုယ်တိုင် တိုက်ရိုက်အမိန့်ပေးမည့် မူးယစ်အထူး တိုင်ကြားရေးဌာနသည် မြန်မာနိုင်ငံ၌ ပထမဆုံး ဖွဲ့စည်းဆောင်ရွက် သည့် အဖွဲ့အစည်းဖြစ်သည်ဟု ရဲမှူးကြီး ဇော်လင်းထွန်းက ဆို သည်။ 

မူးယစ်ဆေးဝါး အထူး သတင်းတိုင်ကြားရေးဌာနသို့သတင်းပေးတိုင်ကြားသူအား ဆု ကြေးချီးမြှင့်မည့်အပြင် အခွန် ကင်းလွတ်ခွင့်လည်း ပေးမည်ဖြစ် ကြောင်း ဇွန်လ ၂၆ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက ထည့်သွင်းပြော ကြားထားသည်။ 

ထို့အပြင် ယင်းအဖွဲ့ကို ဇွန် လ ၂၂ ရက်က ဖွဲ့စည်းထားပြီးဖြစ် ကြောင်းနှင့် ဆက်သွယ်တိုင်ကြား ရန် အော်တိုဖုန်း ၀၆၇-၅၉၀၂၀၀၊ ဖက်စ်ဖုန်း၀၆၇-၅၉၀၂၃၃ နှင့် antinarco-tics@presiden toffice.gov.mm အီးမေးလ်လိပ်စာသို့  ဆက်သွယ်တိုင်ကြားနိုင်ကြောင်း   နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။ 

7Day

0 comments:

Post a Comment