Monday, June 25, 2018

အဆိုတော် အစ္စဏီရဲ့ အမှုမှာ "သုတ်ပိုးတွေ့ရှိခြင်း မရှိ" လို့ မှုခင်း ဆရာဝန်မှ ထွက်ဆိုခဲ့


အဆိုတော် အစ္စဏီအား မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆို ထားရာ ယနေ့၊ ဇွန်လ ၂၅ ရက်နေ့မှာတော့ တရားလိုနဲ့ မှုခင်း ဆရာဝန် တို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ မှုခင်းဆရာဝန်ရဲ့ ထွက်ဆိုချက်များထဲမှတော့ တရားလိုဖြစ်သူနဲ့ စွပ်စွဲခံသူတို့မှာ သုတ်ပိုး၊ သုတ်ရည်တွေ့ရှိခဲ့ခြင်း မရှိခဲ့ဘူးလို့ စွပ်စွဲခံရသူရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

"ဒီမုဒိမ်းမှုနဲ့ ပတ်သက်ပြီး သုတ်ပိုး၊ သုတ်ရည်အဓိကတွေ့ရှိရမှာ၊ အခု ကျင့်တဲ့သူရော ၊ အကျင့်ခံရတဲ့သူရောမှာ မရှိပါဘူးဆို မီဒီယာတွေရော ဘယ်လို အဖြေပေးမလဲ" လို့ စွပ်စွဲခံရသူရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

နောက်တကြိမ် ရုံးချိန်းမှာတော့ သက်သေအဖြစ် တင်ပြခဲ့တဲ့ Cele 7 မှ ဗီဒီယိုဖိုင်ကို သက်သေအဖြစ် လက်ခံခြင်း ရှိ၊ မရှိကို တရားရုံးမှ ဆုံးဖြတ်သွားမှာ ဖြစ်ပြီး တရားလိုအား ဆက်လက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် အစ္စဏီ(ခေါ်) ဟန်ထွန်းဇော် ကိုတော့ တာမွေမြို့နယ် တရားရုံးမှာ ဥပဒေ ပုဒ်မ ၃၇၆၊ ၃၂၄ ၊၃၂၃ တို့နဲ့ တရားစွဲဆိုထား တာဖြစ်ပြီး ယနေ့ပြုလုပ်တဲ့ ရုံးချိန်း ကတော့ ၇ ကြိမ်ရှိပြီ ဖြစ်ပါတယ်။










သတင်း - (ယုဖြူဟန်/ဧရာဝတီ)
ဓာတ်ပုံ - (ထက်ဝေ/ဧရာဝတီ)

0 comments:

Post a Comment