Tuesday, June 26, 2018

ထိုင်းအထွေထွေ ရွေးကောက်ပွဲကို လာမည့်နှစ် မေလ ၅ ရက်နေ့ ကျင်းပမည်


ထိုင်းနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကို လာမယ့်နှစ် မေလ ၅ ရက်နေ့မှာ ကျင်းပမယ်လို့ ဒုဝန်ကြီးချုပ် ဝီစနု ခရီယာငမ်က ဇွန် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

“ရွေးကောက်ပွဲကို အမြန်ဆုံး ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျင်းပမယ်၊ တကယ်လို့ မဖြစ်နိုင်ရင် နောက်ဆုံးအနေနဲ့ မေလ ၅ ရက်နေ့မှာ ကျင်းပမယ်” လို့ ဒုဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းအာဏာသိမ်း စစ်အစိုးရဟာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ကတိပေးထားပေမယ့် ရက်စွဲကို ထပ်ခါတလဲလဲ ရွှေ့ဆိုင်းနေခဲ့တာပါ။

ဒါပေမယ့် ဒုဝန်ကြီးချုပ်ကတော့ အချိန်ဟာ အခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့ ဥပဒေပြုရေး ခြေလှမ်းတွေအရ ရွှေ့ဆိုင်းရတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်အစိုးရဟာ ဒီနှစ် စက်တင်ဘာကနေ ဒီဇင်ဘာကြားမှာ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေအပေါ် ကန့်သတ်ချက်ကို ဖြေလျှော့ပေးမယ်လို့လည်း ဒုဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံရေးပါတီ ၇ ပါတီက ကိုယ်စားလှယ်တွေဟာ စစ်အစိုးရ အရာရှိတွေနဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တာပါ။ နိုင်ငံရေးလှုပ်ရှားမှု တားမြစ်ပိတ်ပင်ချက်ကို တစိတ်တပိုင်း ပယ်ဖျက်ပေးမယ့် ဆုံးဖြတ်ချက်အတွက် ဝမ်းသာတယ်လို့ ပါတီကိုယ်စားလှယ် တချို့က ပြောပါတယ်။

DVB


0 comments:

Post a Comment