Friday, June 22, 2018

ကလေးခရိုင်တွင် တရားမဝင် ခိုးဝင်ဘင်္ဂါလီ ၃ ဦး ဖမ်းမိ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ထဲမှာ ဇွန်လ ၁၉ ရက် ညက တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂါလီ ၃ ဦးကို ဖမ်းမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းမှူး ဒုရဲမှူးသက်နိုင်ဦးက ပြောပါတယ်။

“ကျနော်တို့ ညကင်းနဲ့ ပိတ်ဆို့တဲ့အချိန် ဆိုင်ကယ်ကို တားစစ်တာကနေ စပြီးမိတာပါ။ အဲ့ဒီမှာ တစီးက မောင်းပြေးလို့ ကလေးဝကနေ ပိတ်ဖမ်းမိတယ်။ တဦးကတော့ ကနီနယ် ချောင်းမရွာနားမှာ မိတာပါ” လို့ ပြောပါတယ်။

ကလေးမြို့မှာ ဖမ်းဆီးမိသူဟာ ဘူးသီးတောင်မြို့နယ် ဒုံးချောင်းကျေးရွာနေ မအာဆီယာ ဆိုသူ ၁၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ကလေးဝမြို့မှာတော့ ဘူသီးတောင်နယ်၊ မမြှောင်ရွာနေ အာနော့စ်ဆိုသူပဲ ဖြစ်ပါတယ်။ ကနီနယ် ချောင်းမမှာတော့ အလီ (ခ) အာမီခမ်း ဆိုသူကို ဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။

ဘင်္ဂါလီ စုစုပေါင်း အမျိုးသမီး တဦးနဲ့ အမျိုးသား နှစ်ဦး ဖမ်းမိခဲ့တဲ့အပြင် ကယ်ရီနဲ့ ဆက်စပ်သူ အမျိုးသား ငါးဦးကိုလည်း ဖမ်းဆီးထားတယ် လို့ ကလေးမြို့နယ် လူဝင်မှု ကြီးကြပ်ရေးက ဒု လဝကမှူး ထွန်းထွန်းဝင်းက ပြောပါတယ်။

ဖမ်းဆီးမိထားတဲ့ ဘင်္ဂါလီ သုံးဦးအပါအဝင် ကယ်ရီသုံးဦးနဲ့ ဆက်စပ်တရားခံ နှစ်ဦး စုပေါင်း ရှစ်ဦးတို့ကို  လဝကဥပဒေနဲ့ စစ်ဆေး အရေးယူဖို့ ရှိနေပါတယ်။

DVB

0 comments:

Post a Comment