Monday, June 25, 2018

ကမ္ဘာ့ဖလား အပေါ် အာရုံစိုက်မှု လျော့နေကြတယ်လို့ ဂရစ်ဇ်မန်း နဲ့ မက်ဆီ တို့အပေါ်ဝေဖန်ပြောကြား လိုက်တဲ့ ပီတစ်


ပြင်သစ်လက်ရွေးစင်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားကိုင်မြှောက်ဖူးခဲ့တဲ့ ကွင်းလယ်လူ ပီတစ်က ပြင်သစ်ကွင်းလယ်လူ ဂရစ်ဇ်မန်းနဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီတို့ဟာ ကမ္ဘာ့ဖလားမှာ အာရုံစိုက်မှုနည်းပါးနေကြတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

ယခုကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့ဖလားမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ဆုရ လီယွန်နယ်မက်ဆီဟာ သွင်းဂိုး မဲ့နေခဲ့ပြီး အာဂျင်တီးနားဟာလည်း ရလဒ်တွေဆိုးရွားနေခဲ့ သလို ဂရဇ်မန်းဟာလည်း ပြင်သစ် အသင်းအတွက် သွင်းဂိုး ၁ ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 

အဆိုပါ ပြင်သစ်သားဟာ အုပ်စုပွဲစဉ် ၂ ပွဲပါဝင်ကစားထားရာမှာ ကောင်းမွန်တဲ့ ခြေစွမ်းတွေပြသနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ သြစတေတြးလျအသင်းနဲ့ တွေ့ဆုံတဲ့ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တဲ့ ပင်နယ်တီဂိုးသာရှိနေခဲ့တာဖြစ်ပြီး အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာလည်း အိုက်စ်လန်နဲ့ပွဲမှာ ပင်နယ်တီ

လွဲချော်ခဲ့ခြင်းနှင့်အတူ တိုက်စစ်ပိုင်းမှာ အဆုံးသတ်ကောင်းမွန်ခဲ့ခြင်းမရှိတာကြောင့် ၄င်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို ဖိအားတွေများစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်ရတော့မှာလည်းဖြစ်ပါတယ်

အဆိုပါ လက်ရွေးစင် ၂ ဦးနဲ့ပတ်သတ်ပြီး ၁၉၉၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဆုကြီးကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ကွင်းလယ်လူ ပီတစ်က ၄င်းတို့ ၂ ဦးရဲ့ စိတ်တွေဟာ ကမ္ဘာ့ဖလားအပြင်ကိုသာ ရောက်နေကြကြောင်းနဲ့ ယခုနှစ် အာဂျင်တီးနားအသင်းဟာလည်း ၄င်းမြင်တွေ့ဖူးသမျှ အာဂျင်တီးနား အသင်းထဲက အစုတ်ချာဆုံးအသင်းတစ်သင်းဖြစ်တယ်လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

အဆိုပါ ပြင်သစ် ကွင်းလယ်လူက “ ဂရစ်ဇ်မန်းဟာ ကလပ်အသင်းမှာထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းတွေနဲ့

ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ကို ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ ကျွန်တော်တို့ သူ့ဆီက ဒီထက်ကောင်းမွန်တဲ့ ခြေစွမ်းတွေ ထပ်မံ တွေ့ရဖို့ လိုအပ်နေပါတယ်။သူဟာ ကွင်းအတွင်းမှာ အသင်းဖော်တွေနဲ့ အချိတ်အဆက်မဲ့နေခဲ့ပြီး အသင်းရဲ့ကစားကွက်နဲ့ဆန့်ကျင်နေခဲ့ပါတယ်။ နောက်ပြီး သူပြိုင်ပွဲမတိုင်ခင်က လွှင့်တင်ခဲ့တဲ့ ဗွီဒီယို ဖိုင်ကလည်း စိတ်ပျက်ဖို့ကောင်းပါတယ်။ သြစတြေးလျ နဲ့ ပွဲမှာ ကြည့်မယ်ဆိုရင်လည်း သူဟာ အသင်းနဲ့ အချိတ်အဆက် မိချင်းမရှိခဲ့ဘဲ ကစားပုံဟာ ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့တာပါ။ သူဟာ ကွင်းအတွင်းမှာ ခံယူချက်တွေ ပျောက်ဆုံးနေခဲ့ပြီး အနိုင်ရလိုစိတ် ပြင်းထန်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ သူ့ အနေနဲ့ သူ့ရဲ့စိတ်တွေကို ပြောင်းလဲပစ်ဖို့ လိုနေပါပြီ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဟာ အစဉ်အလာကြီးမားတဲ့ ကမ္ဘာ့ဖလားဆုအတွက် ပြိုင်ပွဲဝင်နေတာဖြစ်ပြီး သူကလည်း အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေတဲ့ သူဖြစ်နေလို့ပါပဲ။ “ လို့ ပီတစ် က ဝေဖန် သွားခဲ့ပါတယ်။

ဒါ့အပြင် အုပ်စု ပွဲ ၂ ပွဲကစားပြီးချိန်မှာ ရမှတ် ၁ မှတ်ရရှိအောင်သာစွမ်းဆောင်နိုင်တဲ့ အာဂျင်တီးနားအသင်းကိုလည်း ထပ်မံဝေဖန်သွားခဲ့ပြီး မက်ဆီကိုလည်း အခုလို ဖြစ်ရပ်တွေအပေါ်မှာ အရှက်ရသင့်တယ်လို့ ထပ်မံပြောဆိုသွားခဲ့ပါတယ်။

“အာဂျင်တီးနား ကို ကြည့်ရတာ မျှော်လင့်ချက်မဲ့နေပါတယ်။ သူတို့ ကစားပုံတွေဟာလည်း အရှက်ရဖွယ်ပါပဲ။ ကမ္ဘာ့အကောင်းဆုံး ၅ ဆုရှင် မက်ဆီ ကလည်း ခေါင်းကြီး ငိုက်စိုက်ဖို့ပဲသိပါတယ်။ အသင်းကို စိတ်ဓာတ်တက်ကြွလာအောင် လှုံ့ဆော်ပေးခြင်းမျိုးမရှိသလို အသင်းကို ဦးမဆောင်နိုင်တာဟာလည်း ရှက်ဖို့ ကောင်းပါတယ်။ အာဂျင်တီးနားအသင်း အခုလို ရလဒ်ဆိုးတွေထွက်ပေါ်နေတာကို ကျွန်တော်လုံးဝသံသယမ၀င်မိပါဘူး။ ဘာလို့လည်းဆိုတော့ မက်ဆီဟာ အသင်းခေါင်းဆောင်ကောင်းတစ်ယောက်မဟုတ်လို့ပါ။ သူ့ရဲ့ နှလုံးသားထဲမှာစီရိုနယ်လ်ဒိုလို နိုင်ငံချစ်စိတ်ပြင်းပြမနေပါဘူး။ ခြေစွမ်းပိုင်းအရတော့ သူဟာ အကောင်းဆုံးကစားသမားတစ်ဦးဆိုတာ ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာအတွကလည်း သက်သေပြဖို့ လိုအပ်ပါသေးတယ်။ သူလည်း အသင်းအတွက်၊ နိုင်ငံအတွက် ပြောင်းလဲဖို့လိုအပ်နေပါပြီ ။" လို့ ထပ်မံဝေဖန်ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ပီတစ်က " သူဟာ ဘာစီလိုနာမှာလည်း အသင်းနဲ့ အဆင်ပြေနေရင် အကောင်းဆုံး ခြေစွမ်းတွေပြသနိုင်သလို အဆင်မပြေဖြစ်နေချိန်တွေမှာတော့ လှုပ်လှုပ်ရှားရှား ကစားခြင်းမရှိတော့ဘဲ ကွင်းထဲမှာ လမ်းသာလျှောက်နေခဲ့ပါတယ်။ သူဟာ ပြေးလွှားကစားခြင်းမရှိတော့သလို၊ စိတ်ထဲမှာလည်း ဘောလုံးကွင်းထဲရောက်နေတယ်လို့ မတွေးတော့ပါဘူး။ ဒါတွေကို သူ့အနေနဲ့ ပြင်ဖို့လိုနေပါပြီ” လို့ ပီတစ်က ထပ်မံ ပြောကြားသွားခဲ့ပါတယ်။

The Ladies News

0 comments:

Post a Comment