Monday, June 25, 2018

နိုင်ငံရေးပါတီဖြစ်မြောက်ရေး လက်လျှော့မည်မဟုတ်ဟု ဦးကိုကိုကြီး ပြောကြား ပါတီအမည်၊ အလံနှင့်တံဆိပ်များကို မန္တလေးစုံညီ အစည်းအဝေး၌ ဆုံးဖြတ်ကြေညာမည်


နိုင်ငံရေးပါတီတစ်ရပ် ပေါ်ပေါက်လာသည်အထိ ဖြစ်နိုင် သည့် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ‘ရှစ် လေးလုံး ပြည်သူ့ပါတီ’ခေါင်း ဆောင် ဦးကိုကိုကြီးကပြောသည်။

ပါတီအရေးနှင့်ပတ်သက်၍ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပါတီဖြစ်မြောက်ရေး ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၂၄ ရက်က ရန်ကုန်မြို့ရှိ ပါတီဖြစ်မြောက်ရေးရုံး ဗဟိုရုံး ခန်း၌ ပြုလုပ်ရာ ယင်းသို့ ဆုံးဖြတ်ချက်ရရှိကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိ သူများက ပြော သည်။

‘‘သေချာတာကတော့ နိုင်ငံ ရေးပါတီ မဖြစ်ဖြစ်အောင် ကျွန် တော်တို့ လုပ်မယ်။ ဆိုတော့ နာမည်ပြောင်းရမှာသေချာပြီ။ အဲဒီနာမည်ပြောင်းရမယ့်ကိစ္စမှာ ပြီးခဲ့တဲ့ကိစ္စတွေ အပေါ်မှာ တရား မျှတမှုရှုထောင့်၊ ဥပဒေရှုထောင့် ကနေ ကျွန်တော်တို့ ရှင်းပြခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ မူလရပ်တည် ချက်ဖြစ်တဲ့ နိုင်ငံရေးပါတီ ထူ ထောင်မယ်ဆိုတဲ့ ရပ်တည်ချက် အပေါ်မှာ ကျွန်တော်တို့ အခိုင် အမာ ရပ်တည်ထားတယ်’’ဟု ဆွေးနွေးပွဲအပြီး သတင်းစာရှင်း လင်းပွဲတွင် ဦးကိုကိုကြီးက ပြော သည်။

‘ရှစ်လေးလုံး ပြည်သူ့ပါတီ’ ဖြစ်မြောက်ရေးကော်မတီဝင်များ ၏ ယမန်နေ့ တွေ့ဆုံပွဲတွင် တက် ရောက်လာသူများက နိုင်ငံရေး ပါတီတစ်ရပ် ပေါ်ပေါက်လာသည် အထိ ဆက်လက်ဆောင်ရွက်ရန် သဘောထားပေးခဲ့ကာ ပါတီ အရေးနှင့်ပတ်သက်၍ ရပ်တည် ချက်၊ ညွှန်ကြားချက်၊ ဆုံးဖြတ် ချက်များ ချမှတ်နိုင်ခဲ့ကြောင်း ဦးကိုကိုကြီးကပြောသည်။

ပါတီအမည်၊ အလံနှင့် တံ ဆိပ်အသစ်တို့ကို ရွေးချယ် အတည်ပြုရန် ‘ရှစ်လေးလုံးပြည် သူ့ပါတီ’ဖြစ်မြောက်ရေးကော် မတီ ဖွင့်လှစ်ဆောင်ရွက်နေသည့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ် ၁၀၀ ကျော် ပါဝင် မည့် စုံညီအစည်းအဝေး (သို့ မဟုတ်) ညီလာခံ တစ်ရပ်ကို ဇူလိုင် ၈ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

‘‘ကျွန်တော်တို့မှာ ခုခံချေပ ခွင့်မရှိဘူး။ အထက်ရုံးတွေကို တင်ပြခွင့်မရှိဘူး။ တစ်ခါတည်း အပြတ်ရှင်းထားတာဖြစ်တဲ့ အတွက်ကြောင့် ပါတီထောင်မယ် ဆိုရင် ကော်မရှင်ရဲ့ ညွှန်ကြား ချက်အတိုင်း ဆောင်ရွက်ရမယ့် သဘောပဲရှိတယ်။ ဆိုတော့ နာ မည်အသစ်တစ်ခု ကျွန်တော်တို့ ရွေးကိုရွေးရတော့မယ်။ ပါတီ အမည်နဲ့ အလံ၊ အမှတ်တံဆိပ် တို့ကို ချက်ချင်းပြင်ပြီးတော့ တင် သည်ဖြစ်စေ၊ ဖျက်သိမ်းခံရပြီးမှ အသစ်တင်သည်ဖြစ်စေပေါ့။ အခုက ကျွန်တော်တို့က ဘယ် နည်းလမ်းကို သုံးမယ်လို့သာ မဆုံးဖြတ်ရသေးတာပါ။ ဆွေး နွေးချက်တွေအရ နည်းလမ်းတွေ တော့ရှိတယ်။ အမည်၊ အလံ၊ တံဆိပ်တွေကိုပါ ကြိုပြီးတော့ ကျွန်တော်တို့ စဉ်းစားထားပြီး မန္တ လေးမှာ စုံညီအစည်းအဝေးမှာ ဆုံးဖြတ်ကြေညာမယ်’’ဟု ဦးကို ကိုကြီးက သတင်းစာရှင်းလင်းပွဲ တွင်ပြောသည်။

‘‘အရေးကြီးတာက နာမည် ထက်ကို ကျွန်တော်တို့ ပါတီမူဝါဒ၊ ဆောင်ရွက်ချက်တွေ၊ ကျွန်တော် တို့ လမ်းစဉ်တွေပေါ်လာဖို့ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ဖို့ က အဓိကဖြစ်တယ်။ နိုင်ငံရေး ပါတီ တစ်ခုအနေနဲ့ လူထုရဲ့ နေ့ စဉ် ပြဿနာတွေကို ဘယ်လိုဖြေ ရှင်းမလဲ။ ကျွန်တော်တို့ ဘာတွေ စိတ်ကူးထားသလဲ။ ဒါတွေကို တကယ့် လေးနက်တဲ့အပိုင်းတွေ ကို သွားဖို့အတွက် ကျွန်တော်တို့ မျက်နှာမူသွားမယ်။ ဦးတည်သွား မယ်’’ဟုလည်း ဦးကိုကိုကြီးက ပြောသည်။

ရှစ်လေးလုံး ပြည်သူ့ပါတီ အမည်၊ အလံနှင့် အမှတ်တံဆိပ် ကို ကန့်ကွက်လိုပါက ခုနစ်ရက် အတွင်း ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၅ ရက်တွင် ကြေညာပြီးနောက် လက်မှတ်ထိုး ကန့်ကွက်သူ ၂၀၀ ကျော်ရှိ ကြောင်း ကော်မရှင် ပြောရေးဆို ခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြား သည်။

‘ရှစ်လေးလုံး ပြည်သူ့ပါတီ’ နှင့်ပတ်သက်၍ ကန့်ကွက်မှုများ ခိုင်လုံသဖြင့် ပါတီအမည်၊ အလံ နှင့် အမှတ်တံဆိပ်တို့ကို ပြန်လည် ပြင်ဆင်ရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က လက်ရှိ တွင် ညွှန်ကြားထားသည်။ ပါတီ အနေဖြင့် ဇူလိုင် ၁၃ ရက်မတိုင်မီ နာမည်၊ အလံနှင့် အမှတ်တံဆိပ် အသစ်များ မတင်ပါက ပါတီထူ ထောင်ခွင့် အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ကြောင်း ကော် မရှင်က အကြောင်းကြားထား သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားချက်တွင် ‘ရှစ်လေးလုံးပါတီ’ အနေဖြင့် ပါတီအမည်၊ အမှတ်တံဆိပ်နှင့် အလံတို့ကို ပြောင်းလဲရာ၌ ရှစ် လေးလုံးဟူသော စကားရပ်ကို စာဖြင့်သော်လည်းကောင်း၊ အက္ခရာဖြင့်သော်လည်း ထည့် သွင်းခြင်းမပြုရန် ပါဝင်ကြောင်း ပါတီဒုတိယခေါင်းဆောင် ဦးရဲနိုင် အောင်က ပြောသည်။

ရှစ်လေးလုံး ပြည့်သူ့ပါတီ၏ အမည်၊ အလံနှင့် အမှတ်တံဆိပ် ပြောင်းလဲရန် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် ဆုံးဖြတ် ချက်သည် ဥပဒေနှင့် ကွဲလွဲနေကာ အချက်အလက်တစ်စုံတစ်ရာ စိစစ်ခြင်းမရှိမီကတည်းက ကြို တင်ဆုံးဖြတ်ထားသကဲ့သို့ ဖြစ်နေ ကြောင်း ပါတီခေါင်းဆောင်များ က ဇွန်လ ၁၇ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းထား သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ ‘ရှစ်လေးလုံးပြည် သူ့ပါတီ’ခေါင်းဆောင်များ၏ ပြောကြားချက်သည် ၎င်းတို့၏ ထင်မြင်ယူဆချက်သာဖြစ်ကာ ကော်မရှင်အနေဖြင့် ဥပဒေနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ခဲ့ ကြောင်း ကော်မရှင်ပြောရေးဆို ခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။

7Day

0 comments:

Post a Comment